Part 8

7.3K 662 11
                                    

Unicode

"ဘယ်လိုလည်း သူလက်ခံလား"

" လက်မခံဘူး"

"ဘာလို့လည်း"

"သူကအချိန်ပိုင်းအလုပ်လုပ်တာကြောင့် အဆင်မပြေဘူးတဲ့"

"အော် အဲ့တော့သူလက်ခံလာအောင်မပြောနိုင်ဘူးပေါ့"

"မ...မဟုတ်ပါဘူး ကျွန်မပြောနိုင်ပါတယ် သူကိုပြန်စဥ်းစားပါအုန်းလို့ကျွန်မပြောထားပါတယ် သူလက်ခံလာအောင်ပြောပေးပါ့မယ်"

"လက်မခံရင်ရော..."

" သေချာပေါက်လက်ခံလာအောင်ပြောပါ့မယ်"

"ကောင်းပြီလေ အဲ့ဆိုကျွန်တော်သွားတော့မယ်"

"ဟုတ်ကဲ့"

ရိပေါ် ရုံးခန်းထဲကထွက်လာပြီး ရှောင်းကျန့်ရှိသွားဖို့စဥ်းစားလိုက်သည်။
ဒီအချိန်ဆိုသူနေ့လည်စာစားနေလောက်ပြီမလို့ ခြေလှမ်းတွေက စား​သောက်ဆောင်ဘက်ကိုရောက်လာခဲ့သည်။
စားသောက်ဆောင်ထဲဝင်ဝင်ခြင်း အကြည့်တွေက ရှောင်းကျန့်ထိုင်နေကြနေရာလေးရှိရောက်သွားတော့ ရိပေါ်မျက်နှာထားကတင်မာသွားသည်။

"ရိပေါ် အထဲမဝင်ဘဲဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ဘူး မင်းကအခုမှနေ့လည်စာ လာစားတာလား"

"အင်း လုပ်စရာကိစ္စလေးရှိနေလို့"

"အေးပါ''

ရိပေါ်နှင့် haikuanလည်း လူရှင်းတဲ့နေရာလောက်မှာထိုင်ပြီး နေ့လည်စာစားလိုက်ကြသည်။

" ရှောင်းကျန့် ဟိုမှာကြည့် နင့်ရိပေါ်ဘာဖြစ်လာတာလည်းမသိဘူး မျက်နှာထားကြီးကတင်းမာနေတာဘဲ"

"ဘယ်ကငါ့ရိပေါ်လည်း သူ့ဘာသာဘာဖြစ်ဖြစ်ပေါ့ နင်တအားစပ်စုတာဘဲ"

"နင်ကလည်း အဲ့လိုမပြောစမ်းပါနဲ့ ငါကနင်တို့နှစ်ယောက်အကြောင်းသိချင်လို့ပါ ဟုတ်တယ်မလား မုချင်နဲ့ကွမ်းရှန်း"

ချူလင်းက ဘေးကနေငြိမ်ပြီးထမင်းစားနေတဲ့ကွမ်းရှန်းနှင့်မုချင်ကိုပါ အဖော်စပ်လိုက်သည်။

"သူနဲ့ငါနဲ့က ဘာအကြောင်းမှမရှိပါဘူးဟာ လုံးဝကိုရှင်းလင်းနေတာဘဲ ဟိုတခါတုန်းကမင်းတို့ကိုပြောဖူးတဲ့ ကော်ဖီဆိုင်မှာဝင်တိုက်မိတာလွဲရင် ဘာအကြောင်းမှမရှိဘူး။"

SECRET ( Completed)Where stories live. Discover now