"သားတကယ်နိုင်ငံခြားကိုထွက်သွားတော့မှာလား"
"အင်း"
ရိပေါ် တစ်ခွန်းတည်းပြောကာ ထည့်စရာရှိတာတွေထည့်နေသည်။
"မသွားပါနဲ့လား သား... မားမားအဲ့ကောင်လေးကိုသွားတောင်းပေးမယ်လေ"
"သူကအရုပ်မဟုတ်ဘူး မားမား... ကျွန်တော်လိုချင်တိုင်းမရဘူး။ အခုတော့ခဏလွှတ်ထားလိုက်ပါ"
"အင်းပါသားရယ်။ မားမား သားလေးကိုလွမ်းနေရတော့မှာပဲ။"
ရိပေါ်ပြုံးလိုက်ပြီး မားမားနားသွားကပ်ထိုင်ကာ ပါးလေးကိုနမ်းလိုက်သည်။
"လွမ်းတဲ့အရသာ ဘာလဲဆိုတာသိသွားတာပေါ့ မားမားရယ်။ သားကိုစောင့်ရတဲ့အရသာကိုလည်း မားမားမကြာခင်ခံစားမိလာမှာပါ"
"ငဆိုးလေး မားမားကိုပညာပြန်ပြနေတယ်ပေါ့လေ"
ရိပေါ် ရီသာပြလိုက်သည်။
"သားရဲ့မားကလည်း သူ့မိသားစုဆီပြန်သွားတော့ မားမားတစ်ယောက်ထဲပျင်းနေတော့မှာပဲ"
"မားမားရေအပိုတွေလုပ်မနေနဲ့ မားဆီကသတင်းသိပြီးသား မကြာခဏပြန်လာမယ်ဆိုတာ အပိုတွေတအားမလုပ်နဲ့။ ပြီးပြီ...သားသွားတော့မယ်"
ရိပေါ် စကားပြောရင်းအင်္ကျီတွေထည့်နေတာ ပြီးသွားပြီဖြစ်သည်။
"သား မားမားကိုဖုန်းဆက်နော်"
မားမားက မျက်ရည်ဝဲကာပြောလာသည်ကြောင့် ရိပေါ်စိတ်မကောင်းပေမယ့် သူထွက်သွားမှ အဆင်ပြေမည်။
မဟုတ်ရင် လွမ်းသည့်စိတ်ကြောင့် လွမ်းနာကျကာ မအိပ်နိုင်မစားနိုင်ဖြစ်နေသည့် သူကဒုက္ခရောက်လိမ့်မည်။"ဆက်မှာပါစိတ်ချ။ပါးပါးနှင့်နှစ်ယောက်တည်းလွတ်လပ်သွားပြီဆိုပြီးတော့သာ သားကိုမေ့မသွားနဲ့"
"စိတ်ချ ငါ့ယောကျ်ားနဲ့ခရီးတွေထွက်ဖို့တောင် စီစဥ်ပြီးသွားပြီ။သားကတော့ နိုင်ငံခြားသွားပြီး အလုပ်ကြိုးစားလိုက်အုန်းပေါ့ ဟားဟားးးး"
"မားမား!!!"
ရိပေါ်သိသည် မားမားကသူစိတ်မညစ်အောင်စနေသည်ဆိုတာကို။
နိုင်ငံခြားသွားဖို့ ရိပေါ်ဆုံးဖြတ်လိုက်တာလဲ မားမားနှင့်ပါးပါးကြောင့်သာ။
သူစိတ်လွတ်ပြီး ပစ္စည်းတွေပေါက်ခွဲ၊အရက်တွေသာသောက်ပြီး အစားမစားခဲ့တာကြောင့် ဆေးရုံတက်လိုက်ရသည်။
မားမားနှင့်ပါးပါးက သူ့ကြည့်ပြီးငိုနေခဲ့တာကြောင့် ရိပေါ်နိုင်ငံခြားထွက်သွားဖို့ဆုံးဖြတ်လိုက်သည်။
နိုင်ငံခြားမှာပဲ ဘဝကိုအသစ်ကပြန်စပြီး ပါးပါးရဲ့လုပ်ငန်းတွေခွဲယူကာ ရှောင်းကျန့်ကိုလုံးဝမေ့နိုင်ပြီဆိုသည့် အချိန်မှဒီနိုင်ငံကိုပြန်လာမည်။