Part 11

6.8K 615 9
                                    

Unicode

"ရိပေါ် ဒီဆိုင်က..."

"အင်း ယုန်​ပေါက်နဲ့ပထမဆုံးတွေ့ခဲ့တဲ့ဆိုင်"

"မှတ်မိသားပဲ"

"မင်းကိုဒီဆိုင်မှာစားစေချင်လို့ခေါ်လာတာ အဲ့နေ့တုန်းက မင်းမစားဘဲပြန်သွားတာမလား"

"ဟုတ်တယ် စိတ်ရှုပ်စရာကောင်းလွန်းတဲ့လူကြောင့် ငါပြန်သွားတာ"

" ငါ့ကြောင့်လို့ ဒဲ့တိုးပြောစမ်းပါ"

"ပြောနေတာလေ မင်းမျက်လုံးနှစ်လုံးကိုသေချာစိုက်ကြည့်ပြီးပြောနေတာလေ မင်းကြောင့်မို့ "

တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ ယုန်ပေါက်ကြောင့် ရိပေါ်ရီမိလိုက်တော့ အံ့ကြိတ်သလိုလေးလုပ်ပြီး မျက်ထောင့်နီကြီးနှင့်စိုက်ကြည့်လာတာကြောင့် ရီတာကိုအရှိန်သတ်လိုက်ရသည်။

"အဟမ်း! ဘာစားမလဲမှာလေ ငါဝယ်ကျွေးပါ့မယ်"

"မလိုဘူး ကိုယ့်ဘာသာဝယ်စားနိုင်တယ်"

"ယုန်ပေါက်ခင်ဗျ ကျွန်တော်က ယုန်ပေါက်ကိုယ့်ဘာသာဝယ်စားနိုင်တယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ယုန်ပေါက်အပေါ် စိတ်ထိခိုက်အောင် လုပ်ထားတဲ့အပြစ်များအတွက် ယုန်ပေါက်ကိုတောင်းပန်ရင်း မိတ်ဆွေသူငယ်ချင်းဖွဲ့ချင်လို့ပါ ခင်ဗျ။အဲ့ဒါကြောင့် ယုန်ပေါက်ကို ကျွန်တော်ဝယ်ကျွေးပါရစေ"

ရိပေါ် ရွဲ့ပြောပေးလိုက်တော့ ခုဏကတင်းမာနေတဲ့ ရှောင်းကျန့်မျက်နှာက သူမဟုတ်တော့တဲ့အတိုင်း ပြေလျော့သွားသည်။

"အဲ့လိုလား အဲ့ဆိုလည်းပြီးတာဘဲ"

"ဟုတ်ကဲ့ပါဗျ"

ရှောင်းကျန့် မုန့်ဝယ်ကျွေးချင်နေတဲ့ ရိပေါ်ကို နောက်တစ်ခါထပ်မဝယ်ကျွေးရဲရအောင်လို့ အများကြီးမှာပစ်လိုက်သည်။

"ယုန်ပေါက် ဒါတွေအကုန် မင်းစားလို့ကုန်လား"

"အင်း ကုန်တယ် ဘာလည်းငါ့ကိုဝယ်မကျွေးချင်တော့ဘူးမလား။ မင်းကပ်စေးနှဲမှန်းငါသိသားဘဲ "

" ငါက ကပ်စေးနှဲတယ်လို့ မပြောမိပါဘူး။ကြိုက်သလောက်စား ကျသလောက်ငါရှင်းမယ်။ထပ်ယူချင်သေးလည်းရတယ်နော် ယုန်ပေါက်"

SECRET ( Completed)Tempat cerita menjadi hidup. Temukan sekarang