Part 29

4.9K 448 13
                                    

"ရိပေါ် ငါတို့အပြင်ပြန်ထွက်ရအောင်"

"ထွက်လို့မရတော့ဘူး ကျန့်ကော တံခါးတွေကအသေပိတ်သွားပြီ"

"မင်းကဘယ်လိုလုပ်ပြီးသိတာလဲ"

"ကျွန်တော် ကျန့်ကောနောက်ကို လိုက်လာခဲ့တာ။ ကျန့်ကော အဆောင်အတွင်းထဲဝင်သွားတော့ ကျွန်တော်လည်း လိုက်ရင်းတံခါးကသူ့အလိုလိုပိတ်သွားတာ။ပြန်ဖွင့်တော့ ဖွင့်လို့လည်း မရတော့ဘူး။ ကျန့်ကောကလည်း အမှောင်ထဲတစ်ယောက်ထဲ သွားနေတာဆိုတော့ ကျွန်တော်အနောက်ကနေ လိုက်ခဲ့တာ"

ရှောင်းကျန့် ရိပေါ်ကိုကြည့်ပြီး သက်ပြင်းအသာချလိုက်မိသည်။
ရိပေါ် သူ့ကိုအခုထိမမုန်းသေးဘူးလား။

"ကျန့်ကော ကျွန်တော်တစ်ခုပြောချင်တယ်။"

"ဘာပြောမှာလဲ"

"ကျွန်တော့်ပါးပါးက အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ အဲ့အတွက် ကျွန်တော့်ပါးပါးမှာ အပြစ်မရှိဘူးဆိုတာ သက်သေပြချင်တယ်။ ကျန့်ကော သက်သေရှာတဲ့နောက် ကျွန်တော့်ကိုလိုက်ခွင့်ပြုပါ"

"ဟူး မင်းသဘောပါပဲ ရိပေါ်"

ရှောင်းကျန့် လက်မခံရင်ရရဲ့သားနှင့် စိတ်၏အလိုကိုလိုက် လိုက်မိသည်။
ရိပေါ်နှင့်ရှောင်းကျန့် အဲ့အခန်းငယ်လေးထဲမှာ အချိန်အတော်ကြာသည့်အထိ ဘာစကားမှမပြောဘဲ ထိုင်နေခဲ့သည်။
အပြင်မှာလည်း သံကြိုးထိတိုက်သည့်အသံ၊တရွတ်တိုက်သွားလာသည့်ခြေသံ သူ့နာမည်ကိုအော်ခေါ်နေသည့် အသံတို့နှင့် ခြောက်ခြားစရာကောင်းနေသည်။

ရှောင်းကျန့် အဲ့ဒီအသံတွေကိုလျစ်လျူရှုပြီးနံရံကြီးကို စိုက်ကြည့်ရင်း အိပ်ငိုက်လာရသည်။
ဘယ်လိုဘဲ မျက်လုံးကိုပြူးထားပြူးထား နောက်ဆုံးမှေးစင်းကျလာသည့် မျက်ဝန်းတွေကြောင့် ရှောင်းကျန့်လက်လျှော့လိုက်ရသည်။
ကောင်းစွာမအိပ်စက်ခဲ့ရသည့် ညတွေရေတွက်၍မရနိုင်တော့ပါ။
ပင်ပန်းမှုတွေကြောင့် ရှောင်းကျန့် နောက်ဆုံးတော့ မျက်ဝန်းလေးတွေမှိတ်ပြီး နံရံကိုခေါင်းလေးမှီကာ အိပ်ပျော်သွားသည်။

SECRET ( Completed)Where stories live. Discover now