Part 34

5.8K 430 0
                                    

ရိပေါ် ထိုင်နေရာကထလိုက်ပြီး လည်ပင်းက လည်စည်းကိုချွတ်လိုက်သည်။
လည်စည်းကို ရှောင်းကျန့်ပေးတော့ ကြောင်တောင်တောင်လေး ပြန်မော့ကြည့်လာသည်။

"အခုကစပြီး မင်းနဲ့ငါနဲ့က တစ်ယောက်နဲ့တစ်ယောက်မသိတဲ့လူတွေဖြစ်သွားပြီ။ လမ်းမှာတွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်သွားပေးပါ။ မသိတဲ့သူစိမ်းတွေဖြစ်သွားပြီဖြစ်တဲ့အတွက် သူစိမ်းပေးတဲ့ပစ္စည်းငါမလိုချင်ဘူး"

ရှောင်းကျန့် ထိတ်လန့်သွားမိသည်။
ရိပေါ်မျက်ဝန်းတွေထဲစိုက်ကြည့်လိုက်တော့ သူမရင်းနှီးသည့် အေးစက်တဲ့အရိပ်အယောင်တွေသာမြင်နေရသည်။

"ဒါ...ဒါပေမယ့် ဒီလည်စည်းက ငါမင်းကိုလက်ဆောင်ပေးထားတာလေ"

" သူစိမ်းပေးတဲ့ လက်ဆောင်ကိုမယူချင်ဘူး။ မင်းပြန်မယူချင်ဘူးဆိုလည်း လွှင့်ပစ်လိုက်။"

ရှောင်းကျန့် ရိပေါ်စကားကိုကြားပြီး ထိတ်လန့်သွားမိသည်။

"နှုတ်ဆက်ခဲ့ပါတယ် ရှောင်းကျန့်"

ကျောပေးကာထွက်သွားသည့်သူကို ရှောင်းကျန့် တားချင်ပေမယ့် အသံကထွက်မလာ။
အော်ပြောချင်သည် ငါမင်းကိုအရမ်းချစ်တယ်လို့၊ ပြောပြချင်သည် မင်းနှင့်​ငါကညီအစ်ကိုတွေမလို့ မဖြစ်သင့်တာမဖြစ်ရအောင် ဇာတ်လမ်းမစရသေးခင်မှာ မင်းလက်ကိုလွှတ်ရကြောင်း ငါ​ပြောပြချင်မိသည်ရိပေါ်...

-
-
-

၁ပတ်ခန့်ကြာသော်...

ရှောင်းကျန့် ဒီမြို့လေးကိုရောက်နေသည်မှာ တစ်ပတ်ရှိသည်။
အေးချမ်းပြီးတိတ်ဆိတ်သည့် ဒီမြို့လေးက သီးနှံစိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြသည်။
ရှောင်းကျန့်တို့ယခုနေသည့်ခြံကလည်း ရိဝူကောပိုင်သည့်လိမ္မော်ခြံဖြစ်သည်။
ရဲအလုပ်ကထွက်လိုက်ပြီဆိုတော့ ရိဝူကောက ဒီလိမ္မော်ခြံကိုစောင့်ကြည့်ခိုင်းကာ အကျိုးအမြတ်တစ်ဝက်ယူခိုင်းသည်။

ပါးပါးကလည်း ဒီခြံလေးကိုသဘောကျကာ ပျော်ရွှင်နေသည်။
ရှောင်းကျန့်ကတော့ နှလုံးသားကဒဏ်ရာကမသက်သာသည့်အပြင်ပိုဆိုးလာသည်။
ပိုဆိုးလာလို့လည်း သူဘာမှမတက်နိုင် သူဖြစ်စေချင်သည့်အတိုင်း ရိပေါ်ကသူ့ကိုမုန်းသွားခဲ့ပြီ။

SECRET ( Completed)Where stories live. Discover now