Part 23

4.7K 449 8
                                    

Unicode

သူမခေါ်တဲ့ hotelကိုလာခဲ့ပြီး အခန်းတံခါးမခေါက်ခင် ရိပေါ်စိတ်လှုပ်ရှားလွန်းတာကြောင့် အသက်ကိုဝဝရှူထုတ်နေရသည်။
အခန်းတံခါးကို သုံးချက်လောက်ခေါက်ပြီး ခဏလောက်ကြာတော့ အခန်းတံခါးပွင့်လာပြီး သူအရမ်းတွေ့ချင်တဲ့မျက်နှာ တွေ့လိုက်ရတာကြောင့် ရိပေါ်မျက်ရည်တွေစီးကျလာရသည်။

"မား.....မားမား"

"သား"

ရိပေါ် မားမားကိုတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။ ဒီလိုဖက်ဖို့စောင့်နေခဲ့ရတာ ရိပေါ်ဘယ်နှနှစ်တောင်ရှိပြီလဲ။
အချိန်တိုင်းအရမ်းတွေ့ချင်ခဲ့တဲ့ မားမားရဲ့မျက်နှာ၊ကြားချင်ခဲ့ရတဲ့မားမားရဲ့အသံ နောက်ဆုံးတော့သူမြင်ခွင့်ရခဲ့ပြီ။

"ကြည့်အုန်းမယ် သားရဲ့မျက်နှာလေးမားမားကိုပြပါအုန်း၊ ချောလိုက်တာ မားသားလေးက မား..မားမားတောင်းပန်ပါတယ် သားရယ်"

"သားဆီကိုပြန်လာပေးတာနဲ့တင်ကျေးဇူးတင်ပါတယ်။"

မားမားနှင့်ရိပေါ် တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်နေအောင် ဖက်ထားပြီး လွမ်းဆွတ်ခဲ့ရတဲ့ နေ့ရက်တွေအတွက်အတိုးချပြီး ငိုနေမိသည်။

ရိပေါ် အသက်၁၀နှစ်လောက်ကတည်းက မားမားနဲ့ပါးပါးက ကွာရှင်းခဲ့ပြီး မားမားကနိုင်ငံခြားကိုထွက်သွားသည်။
ရိပေါ်ကို ကျင်းရှန်းမားနဲ့ ထားခဲ့ပြီး ထွက်သွားတဲ့ မားမားကိုရိပေါ် အပြစ်မမြင်နိုင်။
ပါးပါးနှင့်မားမားက ကွာသာကွာရှင်းလိုက်တာ တစ်ယောက်အကြောင်းတစ်ယောက်စုံစမ်းပြီး ချစ်နေရဲ့သားနှင့် မာနချင်းပြိုင်နေကြတာကြောင့် ရိပေါ်အသက်၁၈နှစ်ရောက်တဲ့အထိတောင် နှစ်ယောက်လုံး မာနချင်းပြိုင်လို့မပြီး။
ပါးပါးက အလျှော့မပေးချင်တာနဲ့ မားမားကို သဝန်တိုအောင် မိန်းကလေးများနှင့်တွဲသွားတွဲလာ လုပ်ပြပေမယ့် နည်းနည်းလေးမှတောင် အလျှော့ပေးဖို့ စိတ်ကူးမရှိတဲ့မားမားကလည်း လှည့်တောင်မကြည့်ခဲ့ပေ။
ရိပေါ်မွေးနေ့တိုင်း ပြန်လာဖို့ တောင်းဆိုခဲ့ပေမယ့် မာနကြီးလွန်းတဲ့ မားမားကအကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်နေကျ။
ယခုဘာဖြစ်လို့ ပြန်လာတာလဲဆိုတာ ရိပေါ်မသိပါ။

SECRET ( Completed)Where stories live. Discover now