အခန်း 31

44 3 5
                                    

🐚ကမာခွံ🐚(Ep-31)

တိုးဝှေ့လာသည့် ကမာခေါင်းလေးကြောင့်ဇာမဏီ့ရင်ခွင်လူပ်ခက်သွားလိုက်ရလေသည် ။ တစ်ခါမှ ဒီလိုလူသေကောင်ကြီးကိုမျက်မြင်ကိုယ်တွေ့မတွေ့ခဲ့ရဖူးသည့်ကမာအဖို့ ထိုအရာဟာတကယ့်ကြောက်စရာပါ ။
သတိမထားမိပဲ ကမာအားကိုးတစ်ကြီးတိုးဝင်လိုက်သည့်ရင်ခွင်သည်ကြောက်မက်ဖွယ်ရမ္မက်တွေပြည့်နှက်နေတဲ့ရင်ခွင်ဆိုတာကို ကမာမေ့နေသည်ထင်၏ ။

" အဟက် "
ဇာမဏီ၏ ရယ်သံကိုကမာကြားတော့မှ ကိုယ့်ကိုကိုယ်သတိထားမိတော့သည်။ အပ်ထားသည့်မျက်နှာကို ဇာမဏီရင်ခွင်မှခွာရင်းထွက်မည်အပြု…… သန်မာတဲ့လက်နှစ်ဖက်က ကမာ့ကျောပြင်ကိုခပ်တင်းတင်းဖက်ထားခြင်းကိုခံစားလိုက်ရလေတော့သည်။

" အင့်… … "
ဇာမဏီ၏သန်မာတဲ့လက်ချောင်းတွေက ကမာ့ကျောပြင်ပေါ်ဆော့ကစားနေလေတော့သည်။ သွားပြီ ဒုက္ခကိုမီးထွန်းရှာမိပြီလား ။

"  ဒီ…ဒီမှာဗျ ကမာ့ကိုလွှတ်လို့ရပြီလေ ။ လွှတ်ပါတော့ "

ထွက်ချင်ဇောနဲ့ဇာမဏီ့ရင်ခွင်က ထွက်မည်လုပ်ပေမယ့်… သန်လှတဲ့သူ့လက်တွေကဖြုတ်မပေးသေး ။ဂိုထောင်ထဲတွင်တော့ သူတို့နှစ်ယောက်နဲ့လူသေအလောင်းတစ်ခုသာရှိနေသည်။

" ကမာ ပြောနေတယ် လွှတ်လို့ ။ ဒီမှာအသက်ရူကျပ်နေပြီဗျ "
" အဟ!! ရုန်းလေ ။တကယ်ထွက်လို့ရရင်ရုန်းစမ်းပါ မင်းကငါ့ရင်ခွင်ထဲဝင်လာတာနော် ငါကလာဝင်လှည့်လို့တစ်ခွန်းမှမဟမိဘူး ဟုတ်တယ်ဟုတ် "

သူပြောတာလည်းမှန်နေပြန်၏ ။ ကြောက်အားလန့်အားနဲ့အားကိုးစွာဝင်ခဲ့လိုက်မိသည်က ကိုယ့်အမှား ။ ဘယ်လိုလုပ်ရမလဲ ကမာ့ကိုကယ်တင်ပေးမယ့်သူ ရှိနိုင်ပါဦးမလား ။

" မရလို့ပေါ့ဗျ ။ ခင်များပဲ ကမာ့ကိုသတ်ချင်တယ်ဆို သတ်လေဘာလို့ဖက်ထားနေရတာလဲ ကမာ့ကိုသတ်လို့ရပြီ "

ကမာသေရမှာထက် ဇာမဏီ့ခြေဖဝါးအောက် ရောက်မည့်အဖြစ်ကိုတော့လက်မခံနိုင် ။ ကမာခွံဆိုတဲ့ဘဝက ရေကြည်ရောင်ဆိုတဲ့သူအတွက်ပဲဖြစ်ရမယ် ။

" အင်းပါကွာ  ငါမင်းကိုသတ်မှာပါ ။ဒါပေမယ့် မင်းကိုမသတ်ခင် ငါတို့ပျော်ပွဲရွှင်ပွဲတစ်ခုကျင်းပမယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ "

🐚ကမာခွံ🐚(S:1)completeWhere stories live. Discover now