🐚ကမာခွံ🐚Ep-05

73 7 0
                                    

🐚ကမာခွံ🐚Ep(05)

ကမာနှင့်ဖိုးခွားတို့ခြံထဲရောက်ရှိနေကြသည်။ ဦးကသစ်လွင်လည်းအပါအဝင်ပင်။ ဦးကသစ်လွင်ဟာ  ခြံရှိမြေကွက်တွေကိုအလကားမထားတတ်။ရှိသမျှအပင်များစိုက်သည်။ထို့ကြောင့်လည်း လိုအပ်သည့်မြေသြဇာကို သူ၏မွေးထားသည့်နွားများမှနွားချေးများယူကာ သဘာဝမြေသြဇာဖြင့်အသုံးပြုလေ့ရှိသည်။ကသစ်လွင် စံအိမ်တွင် သစ်ပင်များပန်းပင်များစုံလင်လှ၏။ဒါအကုန်ပဲလားဆိုတော့လည်းမဟုတ်ပေ ။စံအိမ်နောက်တွင်ရေကန်ကြီးတစ်ကန်လည်းရှိသည်။ထိုရေကန်ကြီးသည် ငါးမွေးကန်ဖြစ်၏။ကန်ထဲတွင် ကန်၏အလှကိုတန်ဆာဆင်သည့် ကြာပန်းများကလှပစွာ။ကြာမျိုး ၅ပါးနှင့်ပြည့်စုံသည်မဟုတ်ပေမယ့်လည်း လွန်စွာလှ၏။နံနက်ခင်းအချိန် ထိုကန်ကြီးအနားရောက်နေလျှင် ကြာဖြူ ကြာနီများရဲ့ လှပမူနှင့်ကြာရနံ့သင်းသင်းလေးတို့ကလည်း လေနဲ့အတူလွင့်ပါလာတတ်စမြဲ ။

အဲ့အတွက် ကသစ်လွင်စံအိမ်ဟာ ဦးကသစ်လွင်အတွက်တန်ဖိုးဖြတ်မရသည့်ရတနာတစ်ခုပင်။
" ဘိုးဘိုး ဘာလုပ်နေတာလဲ ကုံးကုံးကွကွနဲ့ "
" ဘာမှမလုပ်ပါဘူး မြေလေးရယ် အဘိုးကိုကူလုပ်ပေးဦးမလား "
" ဟုတ် ကူလုပ်ပေးမယ် အဘိုး "
" ကဲ လာ လာ "
ဦးကသစ်လွင် လုပ်လက်စအလုပ်ကိုခဏရပ်ထားကာ ကမာနှင့်ဖိုးခွားကိုလှည့်ကြည့်ရင်းလက်ယပ်ခေါ်လိုက်သည်။
" အဘိုး ဘာလုပ်နေတာလဲဟင် "
" ဒီမှာလေ နွားချေးတွေကောက်နေတာ ကူပါဦးမြေးလေး "
" ကူပေးမှာပေါ့ ကမာကူကောက်ပေးမယ် အဘိုးသွားနားလိုက်တော့လေ အဘိုးကအသက်ကြီးနေပြီပင်ပင်ပန်းပန်းတွေလုပ်လို့မရဘူးလေ သွားနားလိုက်တော့နော် ကမာ အားလုံးကောက်ထားပေးမယ် "
" လိမ္မာလိုက်တာ လိမ္မာလိုက်တာမြေးရယ် ဟိုမြေးတွေနဲ့များကွာပါ့ နွားချေးတွေ့တာနဲ့အောဂလီဆန်နေကြရော ငါ့မြေးလေးကမှတကယ့်အားကိုးရတာ ဒါဆိုအဘိုးပြန်နားလိုက်တော့မယ်နော် "
" ဟုတ်ကဲ့ အဘိုး ပြန်နားလိုက်နော် စိတ်ချကမာ အားလုံးကောက်ထားပေးမယ် "
" အေး အေး အေး "
ဟု ဆိုပြီးဦးကသစ်လွင်ပြန်သွားသည်။ဖိုးခွားကတော့ ဒူးထောက်ထိုင်နေသည့် ကမာ့ကိုနားမလည်စွာပဲကြည့်လိုက်မိသည်။
" ဖိုးခွား လာ ကမာ့ကိုကူကောက်ပေးဦး "

🐚ကမာခွံ🐚(S:1)completeTahanan ng mga kuwento. Tumuklas ngayon