🐚ကမာခွံ🐚EP-1

1.1K 31 2
                                    

🐚ကမာခွံ🐚EP(01)

" ကသစ်လွင် "ရိပ်မြုံ
ဆိုသည့်စာလုံးလေးနှင့်အတူ လှပခြင်းတရားကိုဆောင်းကျဉ်းပေးနေပေသည့် ဤရိပ်မြုံ။ ကသစ်လွင်စံအိမ် ။ ခြံကျယ်ကြီးအလယ်တွင်ထီးထီးကြီးနေရာယူထားသည့် နှစ်ထပ်တိုက်ပြာပြာလေး ။ ခြံ၌တွင်လည်းကသစ်ပင်များကများပြားစွာ ထိုကသစ်ပင်များမှနီနီရဲကသစ်ပန်းလေးတွေကလှချင်တိုင်းလှနေကြ၏ ။
" တူလေးကမာ ရောက်ပြီ "
" ဟုတ် ဒေါ်လေး "
ကမာ ကသစ်လွင်စံအိမ်ကိုတစ်ချက်ကြည့်လိုက်သည်။

နောက်ဆုံးတော့ကသစ်လွင်ဆိုတဲ့ဒီရိပ်မြုံလေးကို ကမာရောက်ခဲ့ပြီပေါ့ ရောက်တော့လည်းရောက်တာပေါ့ ဘာမှထူးခြားမသွားပါဘူး ဖေဖေကကားတိုက်လို့ဆုံးတော့ ဘိုးဘိုးက ကမာတို့သားအမိနှစ်ယောက်ကိုအကြောင်းသာကြားပြီး အဆက်အသွယ်ဖြတ်ခဲ့တာ က မာ့အသက်၁၇နှစ်အထိတောင်မှလေ အခုမေမေသေတော့ကမာ့ကိုအိမ်ခေါ်ထားချင်တယ်တဲ့ ရတယ်လေ သိပ့်ရတာပေါ့ ကမာ မရခဲ့တဲ့အရာတွေ ကမာပြန်ယူပြမယ် ကမာရဲ့ပိုင်ဆိုင်မူတွေ ကမာတို့ကိုပစ်ထားမူတွေအတွက် ဦးကသစ်လွင် ကမာ့ရဲ့အဘိုးပေါ့ အဘိုးပြန်ပေးဆပ်ရမယ် အားလုံးကိုပြန်ယူပြမယ် အတိုက်အခိုက်တွေကတော့ရှိကိုရှိလိမ့် ဒေါ်ကြုတ်ပြောခဲ့ဖူးတာဘာပါလိမ့် သြော် သိပြီ အဘိုးမှာမြေး၆ယောက်ရှိတယ်တဲ့ ကမာအပါအဝင်၇ယောက်ပေါ့ အဲ့မြေးတွေကအဘိုးနဲ့နေပြီးနတ်စည်းစိမ်ခံစားနေကြတယ်တဲ့လေ မိဘတွေကအကုန်နိုင်ငံခြားမှာတဲ့ ဒေါ်ကြုတ်ပြောတာတော့ မြေးမက၃ကောင်နဲ့မြေးထီး၃ကောင်ရှိတယ်တဲ့ ကမာနဲ့ပါရင်မြေးထီး၎ကောင်ပေါ့ ပြောပါသေးတယ် အဲ့မြေးတွေကခေသူမဟုတ်ဘူးတဲ့ မာနကိုဘုရားလိုကိုးကွယ်နေကြတယ်တဲ့လေ ဟင့်ဟင်း…ကမာနဲ့တွေ့ကိုတွေ့ရမယ် ကမာလာပြီ…  ဒီအိမ်ရဲ့ပိုင်ဆိုင်မူတွေကို ပြန်လုယူဖို့ကမာလာပြီ မှတ်ထား ကမာခွံရှရင်သွေးစိမ်းရှင်ရှင်ထွက်ပြီးအသည်းခိုက်အောင်နာတတ်တယ်တဲ့ … ။

" တူလေး ကမာအထဲဝင်မယ်လေ "
" ဝင်ပေါ့ "
ကမာ နားကိုကုတ်ကာမထိတရိပုံစံဖြင့်အဒေါ်ဖြစ်သူကိုပြောလိုက်သည်။ ဒေါ်မဲကြုတ်က ကမာ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး ခြံထဲဝင်သွားလေ၏ ။ကမာသည်လည်း ပုဆိုးကိုစလွယ်သိုင်းလိုက်ကာအနောက်မှာ မဲ့ပြုံးလေးများနှင့်လိုက်ခဲ့လေတော့၏ ။

🐚ကမာခွံ🐚(S:1)completeWhere stories live. Discover now