🐚ကမာခွံ🐚Ep-04

93 8 0
                                    

🐚ကမာခွံ🐚EP(04)

မနက်ဖြန်ရောက်သော်……………။
ကမာ အပြင်သွားရန်ပြင်ဆင်နေလိုက်ပြီး အောက်ထပ်ဆင်းလာခဲ့သည်။ရထားသည့် မုန့်ဖိုးများကိုအကျိုးရှိရှိအသုံးပြုရမည်လေ။စုစရာရှိတာစု သုံးစရာရှိတာသုံးမည်။အခုလည်း ဤစံအိမ်ထဲရောက်လာခဲ့ပြီမို့ ကမာ ပုံစံပြောင်းရန်စဉ်းစားလိုက်မိခြင်းဖြစ်သည်။

" ကမာ မြေးလေး ဘယ်သွားမလို့လဲ "
အောက်ထပ်ဆင်းလာသည်နှင့် အဘိုးဖြစ်သူနဲ့ကမာတိုးသည်။ ကမာလည်း အပြင်သွားရန်အကြောင်းပြောလိုက်ရတာပေါ့ ။

" ဟုတ်ကဲ့ အဘိုး ကမာအပြင်သွားမလို့ပါ ဝယ်စရာလေးတွေရှိလို့ပါ "
"သြော် အင်း ဒါနဲ့မြေးလေးဘာနဲ့သွားမှာလဲ "
" ဆိုင်ကယ်ငှားလိုက်မယ်လေ အဘိုးရဲ့ဈေးလည်းသက်သာတယ် အရောက်လည်းမြန်တယ်လေ "
" ဖြစ်ရမယ် အဘိုးမြေးကတော့ ဆိုင်ကယ်နဲ့မသွားရပါဘူး အိမ်ကကားနဲ့သွား မောင်လင်း လိုက်ပို့လိမ့်မယ် မောင်လင်း မောင်လင်းရေ …"
" ဗျာ ဖိုးဖိုး "
" လာပါဦး ဒီမှာ မြေးလေးအပြင်သွားဖို့ ကားမောင်းပို့လိုက်ပါဦးကွာ "
" ဟုတ်ကဲ့ ရပါတယ်ဖိုးဖိုး သား ကမာသွားချင်တဲ့နေရာစုံလိုက်ပို့လိုက်ပါ့မယ် "
" ကောင်းတယ်ကွယ် ကောင်းတယ် ကဲ မြေလေး မောင်လင်းနောက်လိုက်သွားဟုတ်ပြီလား "
" ဟုတ်ကဲ့အဘိုး ဒါဆို ကမာသွားပြီနော်"
" အေးအေး မြေးလေးဂရုစိုက်နော် "
" ဟုတ်ကဲ့ ဘိုးဘိုး သွားပြီ "
ကမာ အဘိုးဦးကသစ်လွင်ကိုနူတ်ဆက်လိုက်ပြီး ကားဆီသို့လျှောက်လှမ်းလာခဲ့တော့၏။လင်း ရဲ့ကားတံခါးဖွင့်ပေးမူကြောင့် ကမာ နှစ်လိုဖွယ်ပြုံးလိုက်မိပါ၏။
သူဌေးမြေးဖြစ်ရတာလဲ အတော်ကောင်းပါဘိနော်……

ကားပေါ်သို့ ကမာတက်လိုက်၏။လင်း မှာက  ကားမောင်းသည့်နေရာတွင်ထိုင်ပြီး ကမာ,ကလင်းနံဘေးတွင် ။လင်း ကမာ့ကိုတစ်ချက်ကြည့်လိုက်ပြီး.………
" ဘယ်ကိုလိုက်ပို့ပေးရမလဲ ကမာ "
" အဝတ်အထည်ဆိုင်လိုက်ပို့ပေး ပြီးရင် ဆံပင်ညှပ်ဆိုင်သွားမယ် အဲ့ဒါ ပြီးရင်…………အဲ့ဒါပြီးရင် သြော် တစ်နေရာရာမှာမုန့်ဝယ်စားမယ် ''
" အဲ့ဒါဆို မားကတ်တစ်ခုခုပဲသွားလိုက်ကြတာပေါ့ မကောင်းဘူးလား "
" ကောင်းတယ် ကောင်းတယ် "
ကမာ လင်း စကားကိုထောက်ခံလိုက်၏။
ထိုနောက်လင်းသည် စူပါမားကတ်တစ်ခုသို့မောင်းထွက်လာခဲ့၏။

🐚ကမာခွံ🐚(S:1)completeKde žijí příběhy. Začni objevovat