ကမာခွံ Ep-25(zg-uni)

42 4 0
                                    

🐚ကမာခွံ🐚(Ep-25)

ဘာလိုလိုနှင့်ကမာစံအိမ်သို့ရောက်လာခဲ့သည်မှာ(၁)လပြည့်ခဲ့ချေပြီ။
ထို(၁)လတာအတွင်း ကမာ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကစုံလင်လှပေ၏။
အသက်အန္တာရာယ်တွေနဲ့လဲကြုံတွေ့ခဲ့ရပါသည်။
ကမာ ကတော့အောင်မြင်မူတွေနဲ့ပဲ ကျော်လွှားနိုင်ခဲ့သည် မဟုတ်ပါလား။

ဒီကနေသည်လည်း ဦးကသစ်လွင်သည်တစ်လတာမုန့်ဖိုးပေးခဲ့ပြန်၏။
အရင်ကလိုတော့ သူ့မြေးများအဒွန့်မတက်ကြတော့ပေ။
ကမာ့အတွက်တစ်ပူအေးခဲ့သည်။
ဒီနေ့တစ်နေ့လုံးကမာအခန်းအောင်းနေခဲ့၏။

အဘိုးဖြစ်သူထံမှဖုန်းတစ်လုံးလက်ဆောင်ရထားသည်မို့ ကမာ ကလိနေခြင်းဖြစ်၏။
ဤကနေ့ညကျရင်… ဦးကသစ်လွင်၏ဧည့်ရိပ်သာအအေးခန်းဟိုတယ်တွင် မိသားစုညစာစားပွဲ ပျော်ပွဲရွှင်ပွဲရှိသည်။
ထိုအရေးကြောင့်လဲ အိမ်ကညီအစ်မများဂယက်ထနေကြ၏။
အပြင်ထွက်ပြီး အဝတ်အစားအသုံးဆောင်ဝယ်ကြ။ပြန်လာကြ ထပ်သွားကြ။
ပြန်လာပြန်ကြနဲ့ပဲတစ်နေ့တာကုန်ဆုံးသွားခဲ့သည်။

ညနေ ၆း၀၀ နာရီ။
" အားလုံးကားပေါ်တက်ကြ သွားမယ်ဟေး
မယ်ကြုတ်အိမ်တံခါးတွေလုံအောင်ပိတ် ပြီးရင်သွားမယ် ''
" ဟုတ်ကဲ့ သူဋ္ဌေး "

ဒေါ်ကြုတ်တစ်ယောက်လူစစ်လိုက်ပြီးအိမ်တံခါးတွေကိုသော့ခတ်ပိတ်ပစ်လိုက်ခဲ့ပြီး ထားနေကျလျှို့ဝှက်နေရာတွင်အိမ်သော့တစ်ချောင်းကိုထိုးထည့်ထားခဲ့သည်။ထိုနေရာကိုလည်း အိမ်သူအိမ်သားများမှအပမည်သူမှမသိကြ။

" အားလုံးပြီးရင် သွားကြမယ် "
ဦးကသစ်လွင်၏အသံကြားလိုက်ရသည်နှင့် လူများအပေါင်းကားထဲရောက်နှင့်နေကြပြီ။
လင်း သည်လည်းမောင်းရန်အသင့်ဖြစ်နေ၏။

" လူစုံပြီလား "
" စုံပါပြီ ဘိုး ထွက်လို့ရပါပြီ "
ဘယ်သူမှအသံထွက်မလာခင် နွေကဝင်ဖြေလိုက်သည်။
" အေးအေး ဒါဆိုမောင်းတော့ မောင်လင်း "
" ဟုတ်ကဲ့ ဘိုး "

လင်း ကားစက်ကိုနိုးလိုက်ပြီး ခြံဝအထိနောက်ပြန်ဆုတ်လိုက်သည်။ပြီးမှ ကားကို ဝူး ကနဲမောင်းထွက်သွားလေတော့သည်။
ခြံစောင့် ဦးလေးသည်ခြံတံခါးကိုသော့ခတ်ကာ မိမိနေအိမ်ဆီသို့ ဆိုင်ကယ်မောင်းကာထွက်သွားလေတော့သည်။
ယနေ့ သည်ခြံစောင့်ဦးလေး၏အမေ ၂နှစ်ပြည့်ရှိသည်ဟုခွင့်တစ်ညယူထားခြင်းဖြစ်၏။

🐚ကမာခွံ🐚(S:1)completeWhere stories live. Discover now