🐚ကမာခွံ🐚EP-2

517 10 0
                                    

🐚ကမာခြံ🐚EP(02)

" ကမာ့ကိုဒါမျိုးလာမစမ်းနဲ့မရဘူး သေဝါးမယ် အဲ့ကောင်မ နည်းတောင်နည်းသေးတယ် မကျေနပ်နိုင်သေးဘူး
ကမာ ထပ်လုပ်ဦးမှာ "
ကမာ မကျေမနပ်စွာဖြင့်အခန်းထဲတွင်ရေရွတ်နေလိုက်မိ၏။

" ကိုကို ကိုကို "
သစ်ချယ်ရီတစ်ယောက်အစ်ကိုဖြစ်သူမျိုးဆက်သစ်ရဲ့အခန်းတံခါးကို တဒုန်းဒုန်း ထုရင်းခေါ်နေလိုက်တယ်။ ကိစ္စကတော့ ကမာခွံ ကိုမကျေနပ်၍အစ်ကိုဖြစ်သူကိုစစ်ကူခေါ်မလို့ဖြစ်သည်။

" ဘာလဲဟာ ဘာလဲ ငါ့ချစ်သူနဲ့ချက်နေတယ် ပြော ……ဘာကိစ္စလဲ "
မျိုးဆက်အခန်းတံခါးကိုဖွင့်၍ချယ်ရီအားမေးလိုက်သည်။
" ကိုကို မကျေနပ်ဘူး မကျေနပ်ဘူး အီး ဟီး "
" ဟာ ချယ်ရီညီမလေး ဘာဖြစ်လာတာလဲ ကိုကို့ကိုပြောဘယ်သူကညီမလေးကို အနိုင်ကျင့်လို့လဲ "
" ဟုတ်တယ်ကိုကို ချယ်ရီ့ကိုအနိုင်ကျင့်တယ် "
" ဘယ်သူလဲပြော ကိုကိုရှင်းပေးမယ် ပြော "
" ဘိုးဘိုးရဲ့မြေးငယ် ကိုကို ဒီနေ့မှရောက်တာ ချယ်ရီ့ကိုပါဝါလာပြသွားတယ် ချယ်ရီ့ခေါင်းကိုပစ္စည်းတွေပုံချသွားတယ် အီး ဟီး "
" မငိုနဲ့ညီမလေး ကိုကိုရှင်းပေးမယ် လာ ညီမလေး "
" ဟုတ် ကိုကို "
ဟမ့် ကမာခွံနင်ငါ့ကိုကိုနဲ့တွေ့ရင်ယုန်သူငယ်လေးဖြစ်သွားမှာပါ ဟင်းဟင်း စောင့်နေလိုက်ကမာကောင် ချက်စားပစ်မယ်

" ဒုန်း ဒုန်း ဒုန်း အထဲကလူ တံခါးဖွင့် အခုဖွင့် မင်းနဲ့ရှင်းစရာရှိတယ် အခုလာဖွင့် "
မျိုးဆက် တစ်ယောက်အခန်းတံခါးကိုဒေါသထွက်စွာဖြင့် ကမာ့ကိုခေါ်နေလိုက်၏။

" ထင်တော့ထင်သား ဟိုဆွေးမြေ့ချယ်ရီရဲ့စစ်ကူပဲနေမှာ အသံကယောကျာ်းသံပဲ မဖြစ်ဘူး ငါ့တပည့်ကျော်လေးကိုထုတ်ဦးမှပဲ "
ကမာ ထိုသို့ပြောပြီး အဝတ်အစားနဲ့အတူပါလာသည့် သူသိပ့်ကိုတန်ဖိုးထားရသည့် ဓားချွန်ချွန်လေးကိုထုတ်လိုက်ပြီး ဓားသွားထက်ပေါ်လက်ချောင်းလေးများဖြင့်ပွတ်သပ်နေလိုက်၏။
" ဟိတ် ပြောနေတာ မကြားဘူးလား ကြောက်နေပြီလား ထွက်ခဲ့ "
" ဝင်လာခဲ့ပါ တံခါးဖွင့်ရမှာ ပျင်းတယ် "
" ဟာ့ သူလည်းဇနဲ့ပါလား တွေ့ကြသေးတာပေါ့ "

မျိုးဆက်အခန်းတံခါးကို ဖွင့်လိုက်လေတော့သည်။
" ဟော့ လူစုံတက်စုံပါလား ကမာ့အခန်းမှာဘာအလှူမင်္ဂလာမှမရှိဘူးရယ် ဘာလာလုပ်ကြတာပါလိမ့် "

🐚ကမာခွံ🐚(S:1)completeWhere stories live. Discover now