ကမာခွံ Ep-19(zg-uni)

142 6 1
                                    

🐚ကမာခွံ🐚(Ep-19)

နွေကသစ်နောက်သို့ခြေလှမ်း သုံး လေး လှမ်းလောက်ဆုတ်မိသွား၏။
ဘုံ့မှာတော့ တအင်းအင်းညည်း၍ကြမ်းပြင်နှင့်နှစ်ပါးသွားနေရ၏။
ကမာ့ မှာတော့ချယ်ရီ့လည်ပင်းကိုညှစ်ရာမှမလွှတ်ချေ။
ချယ်ရီအားရှိသမျှရုန်းနေရသည် သို့ပေမယ့်အရာမဝင် ပို၍သာနာကျင်လာပြီးအသက်ရူရခက်လာပါ၏။
" အစ် အစ် အစ် ကယ်...ကယ်...ကြ ပါ "
" ဟားဟား အော်မနေနဲ့နင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ဘူး သေစမ်း သေစမ်း "
" အာ့ အစ်.........အစ်............ လွှတ်ပါ...တောင်း တောင်း ပန်ပါတယ် နောက်...မပြော...မပြောတော့ပါဘူး တ...တကယ်ပါ ကတိ ပါ "
စကားလုံးများကိုဖြေးဖြေးချင်းပြောနေရသည့်ချယ်ရီတစ်ယောက်ကမာ့ကိုတောင်းပန်စကားဆိုနေလေ၏။
" အဲ့လောက်နဲ့ခွင့်လွှတ်ရအောင် ကမာ,ကငနုံငအမဟုတ်ဘူး အကယ်၍နင့်စိတ်ထဲတကယ်တောင်းပန်ချင်တယ်ဆိုရင်...ငါ့အဖေနဲ့အမေ့ကိုတောင်းပန်အခုချက်ချင်း "
ကမာ့ လက်ကအားပိုထည့်မိသွားသည်။ချယ်ရီ့ခြေဖျားသည်ကြမ်းပြင်နှင့်မထိတထိဖြစ်နေပေပြီ။
"အေးပါ ချယ်ရီ...တောင်း ပန်ပါ့မယ် "
" အခုတောင်းပန် "
ကမာ့အသံက စံအိမ်တစ်ခုလုံးပဲ့တင်ထပ်သွားသည့်နှယ်။လှေကားဝမှာတော့ ဖိုးခွားနှင့်မျိုးဆက်တားရမလို အောက်ပြန်ဆင်းရမလိုနဲ့ဝေခွဲမရဖြစ်နေ၏။ မျိုးဆက်မှာလည်းညီမဖြစ်သူအခုလိုအဖြစ်မျိုးနဲ့ကြုံနေရသည်ကိုရက်နာနာဖြင့်ကြည့်နေရ၏။သွားတားပြန်ရင်လဲ ကမာရဲ့"ကမာခွံရှရင်သွေးစိမ်းရှင်ရှင်ထွက်ပြီး အသည်းခိုက်အောင်နာတတ်တယ်"ဆိုတဲ့ဆောင်ပုဒ်နဲ့လူကိုလည်းကြောက်နေရသေးသည်မို့ အံတကြိတ်ကြိတ်နှင့်သာလက်သီးဆုပ်ကာရပ်ကြည့်နေရလေ၏။

" တောင်း တောင်းပန် ပါ့မယ် အစ်
ဦးဦးနဲ့ဒေါ်ဒေါ် သ...သမီး တောင်းပန်ပါတယ် နောက် မပြောတော့ပါ...ဘူး ခွင့်လွှတ်...ပေးပါ အစ် "
ကမာ အားရစွာပြုံးပြီးညှစ်ထားသည့်လက်ချောင်းလေးတွေကို ဆတ်ခနဲလွှတ်လိုက်သည်။
" ဘုန်း "
" အာ့ "
ကြမ်းပြင်၌လဲကျသွားသံနှင့်အတူ ချယ်ရီ့အသံကပေါင်းစပ်သွား၏။ ကျန်နှစ်ယောက်ကတော့ ကမာ့ကိုကြောက်လန့်သည့်ပုံစံဖြင့်ခပ်လန့်လန့်ဖြင့်ကြည့်နေကြ၏။
ထိုတော့မှ လှေကားထိပ်ဝမှရပ်နေသည့်မျိုးဆက်လည်းညီမဖြစ်သူကိုပြေးထူရဲတော့၏။

🐚ကမာခွံ🐚(S:1)completeWhere stories live. Discover now