ကမာခွံ(28)(zg-uni)

76 3 1
                                    

🐚ကမာခွံ🐚(Ep-28)

နွေကသစ်ထိန်းမထားနိုင်တော့ပဲ အိမ်သာထဲတွင်အန်ချလိုက်မိတော့သည် ။
ချယ်ရီသည်လည်း သူ့နည်းတူအန်မိတော့သည်။ ရေအိမ်ထဲမှာတော့ အန်ဖက်များကျသံတွေကတစ်ဝေါဝေါဖြင့် ။

" ဂီး... ... ရွံစရာကြီး ။ တော်ပြီ အန်ချင်ရင်ဆက်သာအန်နေကြ။ ရန်ဖြစ်ရတာတောင် ဖီးအောက်တယ် "

ကမာ စိတ်အလိုမကျစွာပြောပြီးအိမ်သာထဲကထွက်သွားလေတော့သည်။
သစ်နဲ့ချယ်ရီကတော့ ဝေါ့ လို့ကောင်းဆဲ ။

" ဘယ်လိုမိန်းကလေးတွေလဲမသိ ။ပြောတော့လေကြီးလေကျယ် ကမာနဲ့တကယ်ချတော့လည်း လဲကျရတာချည်းပဲ ဘဝင်လေဟပ်နေတဲ့ဟာတွေ နည်းတောင်နည်းသေးတယ် အန်ဖက်ဆို့ပြီးသေမယ့်ဟာတွေ ဟွန့် "

ကမာ ကုတင်ပေါ်ကအဖြူရောင်ခေါင်းအုံးလေးကိုဖက်နေရင်းမှဟိုညီအစ်မနှစ်ဦးကိုဆုတောင်မေတ္တာများပို့သနေမိသည် ။စစ်စစ်အမှန်တွင်ကား ကမာသည် သူတို့အားလုံးကိုအကြမ်းနည်းဖြင့်မသုံးချင်ပါ။

တကယ်ဆိုသူတို့တစ်တွေကမောင်နှမတွေပဲလေ စည်းစည်းလုံးလုံးသိုက်သိုက်ဝန်းဝန်းနဲ့ဖေးမကူညီပြီးနေကြရမည်မဟုတ်လား ။ အခုမှာတော့ တွေ့လိုက်တိုင်း ကြောင်နှင့်ကြွက်လိုမတည့်ကြ ။ တစ်ယောက်နဲ့တစ်ယောက် မနာလိုမူ ရန်လိုမူ အနိုင်လိုမူ သူ့ထက်သာခြင်းတွေများနှင့်သာယှဉ်ပြိုင်နေကြသည်။

တစ်ခါတစ်လေ ကမာတွေးမိသည် ။ထိုညီအစ်မနဲ့တည့်အောင်နေမည်ဟု ။ဒါပေမယ့် ဒါဟာစိတ်ကူးသပ်သပ်ပါ သူတို့မျက်နှာတွေ့လိုက်တိုင်းဖြစ်ပေါ်လာတဲ့ဒေါသကချူပ်ထိန်းမရခဲ့ ။

ကိုယ်သည်သာအောင်နိုင်ရာ ဆိုတဲ့စိတ်လေးကဝင်လာသည်နှင့်အပြိုင် သတ်ပွဲကဖြစ်လာစမြဲ ။ ဤ စံအိမ်၏အတွင်းရေးပြဿနာများသည် ဘယ်တော့များမှပြီးဆုံးသွားမည်မသိ ပါလေတော့။

" အို့ ... ဟိုညီအစ်မတွေ ကမာ့အိမ်သာထဲမှာကြာနေပြီ ။
ဘာလဲ အိပ်ပျော်နေကြပြီလား ။မဖြစ်ဘူး မဖြစ်ဘူး သွားကြည့်ဦးမှ "

ကမာ ကမမ်းကတမ်းပဲ ကုတင်ပေါ်မှဆင်းကာအိမ်သာဖက်ပြန်လာရပြန်လေ၏။
ထင်တဲ့အတိုင်းပါပဲ အိမ်သာအဖုံးကိုပိတ်ကာ လက်နှစ်ဖက်တင် ခေါင်းလေးတင်ရင်းမောပန်းစွာအိပ်ပျော်နေသည့် ညီအစ်မနှစ်ဦးကိုတွေ့လိုက်ရသည်။ဘာအပူအပင်မှမရှိပဲ အိပ်မောကျနေကြသည်။

🐚ကမာခွံ🐚(S:1)completeWhere stories live. Discover now