ကမာခွံ(Ep-09)

76 4 0
                                    

🐚ကမာခွံ🐚Ep(09)

တစ်ညတာကိုကုန်လွန်ကာ နောက်တစ်နေ့သို့ကူးလေပြီ။ ပူနွေးနွေးနေရောင်ခြည်က ကမာတို့မျက်နှာပေါ်ထိုးကျနေလေ၏။ ထိုနေ၏အလင်းရောင်နှင့်အတူ ကမာနိုးထလာရလေပြီ။
" ဝါး………… မိုးတောင်လင်းနေပြီပဲ ဟင် ကိုလင်း "
ပျင်းကြောဆွဲနေရင်းမှကမာ လင်းကိုသတိထားမိလိုက်၏။မြေပြင်ပေါ်ခွေခွေလေးလှဲအိပ်နေသည့် လင်း ညကသူကမာ့ရင်ခွင်ထဲအိပ်စက်နေသည်မဟုတ်ပါလား။ကမာ စိုးရိမ်စွာဖြင့် လင်း အားလူပ်နိုးလိုက်တယ်။

" ကိုလင်း ကိုလင်း ထတော့လေ ကိုလင်း မိုးလင်းနေပြီ "
လင်း ကိုယ်လေးအနည်းငယ်လူပ်လာပြီး နိုးလာလေ၏။
" ဖြေးဖြေးထ ကမာထူပေးမယ် "
" အင်း…………"

" ကိုလင်း နာနေသေးလားဟင် ကိုယ်ရောပူသေးလား "
ကမာ ပြောကာဆိုကာဖြင့် လင်း နှဖူးကိုလက်ဖြင့်စမ်းလိုက်သည်။
" အပူတော့ကျသွားပြီပဲ ဒါဆိုစိုးရိမ်စရာမရှိတော့ဘူး ဒဏ်ရာနာသေးလားဟင် "
" အင်း………နည်းနည်းတော့နာနေသေးတယ် ကမာ "
ကမာ လင်းရဲ့ ဒဏ်ရာအားတစ်ချက်ကြည့်ကာ…
" ကိုလင်း ဒီမှာခဏစောင့်နော် ကမာဟိုနားလေးသွားလိုက်ဦးမယ် "

ကမာသွားမယ်လုပ်လိုက်တော့ လင်း ကမာ့၏လက်ကိုဖမ်းဆွဲထားမိသည်။
" ကမာ ဘယ်သွားမလို့လဲဗျာ့ "
" ဟိုနားလေးတင်ပါ ကိုလင်းအတွက်ဆေးသွားရှာပေးမလို့ တောထဲတောင်ထဲဆိုတော့ ကုန်းဗေဒါပင်တွေရှိလောက်တယ် ခဏလေးပါ ကိုလင်းစိတ်မပူနဲ့နော် "
" မပူလို့ရမလားဗျာ့ ကျွန်တော်တို့က ဘယ်ရောက်နေကြတာလဲသိတာမှမဟုတ်တာ မတော်လို့ကမာလမ်းမှားသွားရင် ဘယ်လိုလုပ်မလဲ ဟိုလူတွေပြန်ပြီလား ရှိနေတုန်းပဲလား သိနိုင်တာမဟုတ်ဘူး ကျွန်တော့်ကြောင့်နဲ့အပင်ပန်းမခံပါနဲ့ ရပါတယ် "

ကမာ လင်းကိုဘုကြည့် ကြည့်လိုက်ပြီး…
" ကမာ အပင်ပန်းခံနေတာမဟုတ်ဘူးကိုလင်း
ကိုလင်းဒဏ်ရာသာဒီအတိုင်းထားရင် ပိုဆိုးလာလိမ့်မယ် ဒီထက်ပိုမဆိုးမလာခင်ကာကွယ်ထားတာအကောင်းဆုံးပဲ ဘာမှမပြောပဲဒီအတိုင်းပဲနေခဲ့ပါ ဒါဦးကသစ်လွင်ရဲ့မြေးကမာခွံရဲ့အမိန့်ပဲ "
လင်း ဘာမှဆက်မပြောနိုင်တော့ ။ညိုးငယ်သောမျက်ဝန်းများဖြင့်ကမာ့ကိုကြည့်လိုက်သည်။ကမာ သိပါသည် သို့ပေမယ့် ကမာမျက်ကွယ်ပြုကာထွက်သွားလိုက်၏။

🐚ကမာခွံ🐚(S:1)completeWhere stories live. Discover now