part 15(unicode)

6.8K 444 0
                                    

ပါတီပွဲသို့ တက်ရောက်လာသူတိုင်းက မင်းခန့်ညားနဲ့အတူပါလာတဲ့ ကောင်လေးကိုစိတ်၀င်စားနေကြသည် ။မင်းခန့်ညားဆိုတဲ့Diamond gpရဲ့CEOဟာ ကျောက်မျက်ရတနာလောကတွင် အလွန်နာမည်ကြီးသူတစ်ဦးဖြစ်သည်။
တန်ဖိုးမရှိဟု သတ်မှတ်ထားတဲ့ကျောက်ကိုတောင်သူ့လက်ထဲရောက်လျှင် တန်ဖိုးအကြီးဆုံးအရာဖြစ်သွားအောင်ဖန်တီးနိုင်စွမ်းရှိသည်။ ဒါတင်မကသေးပါဘူး သူပိုင်ဆိုင်ထားတဲ့shopping mallတွေ Hotelတွေဆိုတာကလည်းနေရာအနှံ့မှာရှိသေးသည်။ထိုသို့တော်ပြီးထက်မြတ်လွန်းတဲ့ လူတစ်ယောက်ကို သမက်တော်ချင်နေကြသော သူဌေးများလည်းရှိနေသေးသည်။ ထို့ကြောင့်သူတို့သမီးပျိုတွေကို ဒီပါတီပွဲတွင်အပြိုင်အဆိုင်ပွဲထုတ်ပြီးရင်းနှီးမှုရယူရန်ကြိုးစားထားကြသော်လည်း တစ်ခါမှ ပါတနာနဲ့ အတူပွဲတက်လေ့မရှိ တစ်ယောက်တည်းသာတက်ရောက်လေ့ရှိတဲ့ သူကရုတ်တရက်ကောင်လေးတစ်ယောက်နဲ့အတူတွဲကာ ပွဲတက်လာသောကြောင့်စိတ်၀င်စားနေကြသည်။

မင်းသာထက် သူ့ကိုစိတ်၀င်တစား၀ိုင်းကြည့်နေကြသောသူတွေကြောင့်နေရခက်လာသည်။ ပြီတော့ သူထိုသို့သောလူများတဲ့နေရာတွေကို သိပ်မကြိုက် နေရ တာစိတ်ကျဥ်းကြပ်လွန်းလှသည်။

"မောင်လေး"

"အင်း မမ"

မင်းသာထက်လည်း အသံလာရာကို ကြည့်လိုက်တော့သူတို့ နားကိုကျက်သရေရှိပြီး လှပတဲ့အမျိုးသမီးတစ်ယောက်လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ဦးကိုပြုံးကြည့်ကာစကားဆိုလာသည်။

"ဒါ သားလေးလင်းခန့်ပြောတဲ့ မောင်လေးရဲ့ကောင်လေးလား"

မင်းသာထက်ကို ကြည့်ကာသူမရဲ့မောင်လေးကိုမေးလိုက်သည်။ဖြူဖြူလုံးလုံးလေးနဲ့ချစ်စရာကောင်းသည့်ကောင်လေးကိုသူမပင် သဘောကျကာ အသည်းယားမိသည်။သူမရဲ့မောင်သဘောကျသည်ဆိုတာမဆန်းတော့ပေ။

"ဟုတ်တယ် ဒါကျွန့်တော့်ချစ်သူ မင်းသာထက်
baby ဒါ ကကိုယ့်ရဲ့အမ လင်းခန့်ရဲ့အမေ ဒေါ်ခင်သီတာ"

"ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါ"

"အင်း ၀မ်းသာပါတယ် သားပြောပြတည်းကမမကတွေ့ချင်နေခဲ့ တာ တကယ့်အချောလေး ငါ့မောင်နဲ့တောင်မတန်ချင်ဘူး အားတဲ့နေ့ကျရင် အတူတူအိမ်ကိုလာလည်ကျအုံး "

My Baby (Only You ) {completed}Where stories live. Discover now