Part 19 (unicode)

6.8K 382 4
                                    

"အားး နေလို့ကောင်းလိုက်တာ"

မင်းသာထက် ရေချိုးပြီးနောက် အခန်းထဲသို့လှည့်ပတ်ကြည့်နေရင်းကနေ ကုတင်ပေါ်တွင်လှဲအိပ်လိုက်ကာဇိမ်ယူနေလိုက်သည်။

"ဦးရဲ့အခန်းကပိုကျယ်သလိုပဲနော် "

သူလှဲနေရင်းကနေ ရေချိုးခန်းကနေထွက်လာသောဦးကိုလှမ်းကာပြောလိုက်သည်။

"အင်း"

မင်းခန့်ညား သူ့ရဲ့babyကိုကြည့်ကာ မနည်းစိတ်ထိန်းနေရသည်။ ရေချိုးပြီးတော့ သူရဲ့အင်္ကျီကို ယူ၀တ်ထားပြီးအောက်က ဘောင်းဘီအနက်အတိုလေးကိုသာ၀တ်ဆင်ထားသည်။ အင်္ကျီကကြီးလွန်းတာကြောင့် ဘောင်းဘီကိုဖုံးလို့နေသည်။ မတ်တပ်ရက်ကာနေတုန်းက ဘာမှမဖြစ်သေးပေမဲ့ အခုကုတင်ပေါ်တွင် မှောက်ရက်လှဲနေတော့အင်္ကျီက အပေါ်သို့လိမ့်တက်နေကာ တင်လုံးလုံးတွေကိုအတိုင်းသားမြင်နေရသည်။ ကြာရင် သူစိတ်မထိန်းနိုင်မည်ဆိုးသောကြောင့် စောင်ကိုယူကာ အပေါ်ကနေလွှားခြုံပေးလိုက်ပြီး သူလည်းbaby ဘေးတွင်၀င်လှဲလိုက်ကာ

"Baby အိပ်ချင်ရင် ခနအိပ်လေ ညစာစားချိန်ကျမှကိုယ်နှိုးပေးမယ်"

"အင်း baby ဒီမှာလာနေတော့ကိုကြီးကတစ်
ယောက်တည်း ဖြစ်နေမှာပေါ့"

"မဖြစ်ပါဘူး ဟိုကောင်မင်းမြတ်ရှိတယ်လေ"

"ဟုတ်သားပဲ"

"လာပါ စကားမများနဲ့တော့ ခနအိပ် အိပ်မှအားရှိပြီး ညကျရင်များများစားနိုင်မှာ"

"ဟုတ်တယ် ဟုတ်တယ်"

ထိုသို့ပြောကာ သူ့ရင်ခွင်ထဲသို့ အတင်းတိုး၀ေ့ကာ ၀င်အိပ်လာသောbabyလေးကို သူလည်းတင်းကြပ်စွာပွေ့ဖက်ထားလိုက်ကာ နဖူးလေးကို အနမ်းခြွေလိုက်ပြီးနောက် သူလည်းခရီးပန်းလာတာကြောင့် ခနအိပ်စက်ရန်ပြင်လိုက်တော့သည်။

~~~~~~~~~

"နင်တို့ ငါ့ကိုတောင် မစောင့်ဘူးစားနေကြတာ"

မင်းသာထက် သူနေ့လည်ကတည်းကအိပ်ပျော်သွားပြီး ညရောက်တော့ ဦးအတင်းလာနှိုးမှပဲ နှိုးလာသောကြောင့်နောက်ကျမှရောက်လာခြင်းဖြစ်သည်။

My Baby (Only You ) {completed}Where stories live. Discover now