part 9(unicode)

8.5K 557 13
                                    

မင်းမြတ်သူရလည်း ရပ်ကြည့်မနေတော့ဘဲ အခန်းထဲကို၀င်သွားလိုက်တော့ အမသီရိကသူ့ကိုမြင်တာနဲ့

"ဟယ် မောင်လေးမင်းမြတ်ရောက်လာပြီလား "

"ဟုတ်အမ"

"ဦးဦး"

"ပြောပါ မင်းသမီးလေး"

"မီးမီးအတွက် နိုင်ငံခြားက အပြန်လက်ဆောင်တွေ၀ယ်လာလား"

"၀ယ်လာပါတယ်ဗျ မီးမီးလေးသာ မြန်မြန်နေကောင်းအောင်နေ နောက်ကျရင် ဦးဦးနဲ့လျှောက်လည်ကျရအောင်"

"ဟုတ်ကဲ့"

ကလေးမလေးက ဟိန်းထက်ဇော်ဘက်ကို လှည့်ကာ

"အဲ့ကျရင် ဒေါက်တာဦးဦးရော လိုက်ခဲ့ရမယ်နော် မီးမီးတို့အတူတူ လျှောက်လည်ကျမယ်လေနော်"

ဟိန်းထက်ဇော်လည်း ထိုကလေးမလေးကိုပြုံးကာကြည့်ပြီး

"ဟုတ်ပါပြီ မသီရိကျွန်တော့်ကို ခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ပါဒေါက်တာ"

ဟိန်းထက်ဇော်ထွက်သွားတော့ မင်းမြတ်သူရကနောက်ကနေလိုက်လာကာ

"ဒေါက်တာ ခနနေပါအုံးဗျ"

ဟိန်းထက်ဇော်လည်း ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ဟိုတခါတုန်းကcity mallမှာ တွေ့ခဲ့တဲ့ သူဖြစ်နေတာကြောင့် မသိချင်ယောင်ဆောင်ကာ

"ဟုတ်ကဲ့ ဘာကိစ္စများလည်း တူမလေးကိစ္စဆိုရင်တော့ကလေးက သက်သာနေပါပြီ မကြာခင် ဆေးရုံဆင်းခွင့်ရတော့မှာပါ ခွင့်ပြုပါအုံး"

"နေပါအုံး ကိုယ်ဘာမှတောင် မပြောရသေးဘူး ကိုယ်တို့တစ်နေရာရာမှာ တွေ့ဖူးကြတယ်မလား"

"ဟမ် မတွေ့ဖူးပါဘူး ခင်ဗျားလူမှားနေတာနေမယ်"

"မမှားပါဘူး မင်းပါ သေချာတယ် ကိုယ့်ခြေထောက်ကိုတောင် တက်နင်းသွားသေးတယ်လေ အဲ့တုန်းက မင်းနင်းသွားတာ ကိုယ့်ခြေထောက်ကျိုးပြီတောင်ထင်နေတာ အားး အခုတောင်နာလာပြီ "

ဟိန်းထက်ဇော်လည်း သူညာဘက်ခြေထောက်ကို နင်းခဲ့တာကို ဘယ်ဘက်ခြေထောက်ကို ကိုင်ကာနာပြနေသောမင်းမြတ်သူရကြောင့်

My Baby (Only You ) {completed}Where stories live. Discover now