Part 18(unicode)

6.8K 404 10
                                    

ကမ်းခြေကိုရောက်တဲ့အခါ မင်းသာထက်လက်ဆတ်တဲ့ပင်လယ်လေကို တစ်ဝကြီးရှူရှိုက်လိုက်ပြီး

"ဝါးး လှလိုက်တာ ရေကူးမယ်ဟေ့"

"နေအုံး ငယ်လေး အရင်နားအုံးရောက်ရောက်ချင်းရေမကူးရဘူး"

ရောက်တာနဲ့ရေကူးရန်တာဆူနေသောမင်းသာထက်ကိုဟိန်းထက်ဇော်တားနေရပါပြီ။

"ကိုကြီးကလည်း"

"နေအရမ်းပူနေတုန်းရေဆော့ရင်အပူရှပ်မယ်မဆော့ရဘူး "

"အေးလေ သာထက်ကလည်းညနေမှဆော့ကျမယ်လေ"

"အေးလေ ငါလည်းမဆော့နိုင်သေးဘူးနားချင်တယ်"

လ၀န်းက လေသံဖျော့ဖျော့လေးဖြင့် ဝင်ပြောလာသည်။အရင်လို သူစကားမများနိုင်တော့ဘူး။လမ်းတစ်လျှောက်လုံး ကားမူးပြီးအန်လာတာ အခုထိလည်း အန်ချင်နေတုန်း မအန်အောင် ဆေးသောက်လာတာတောင်မရ ငါ့ဒေါက်တာကိုကိုရှေ့မှာရုပ်ပျက်လိုက်တာကွာ။

"ညီမလေး လ၀န်းသက်သာရဲ့လား ခေါင်းမူးနေသေးလား"

ဟိန်းထက်ဇော် မျက်နှာဖြူဖက်ဖြူရော်ဖြင့် ငိုမဲ့မဲ့ဖြစ်နေသော လ၀န်းကိုစိတ်ပူကာမေးလိုက်သည်။

"သက်သာတယ် ကိုကြီးဟိန်းထက်"

"အင်းအင်း အခန်းသော့က ဒီမှာသွားနားတော့ "

"ဟုတ်"

လ၀န်းလည်း ဟိန်းထက်ဇော်ဆီကသော့ကိုယူကာ လင်းခန့်အနားမှာရှိနေတဲ့ ယွန်းဆီသို့သွားလိုက်ပြီး

" ဟဲ့ယွန်းသွားမယ် ကိုယ့်သူငယ်ချင်းနေမကောင်းတာတောင်အနားမှာမနေပေးနဲ့သိလား"

"နင်ကလည်း ငါခနလေးပေးစရာရှိလို့လင်းခန့်ဆီသွားတာကို"

"အေးပါ လာသွားမယ် နားချင်ပြီ"

မိန်းကလေး​တွေဖြစ်တဲ့ ယွန်းနဲ့လ၀န်းကတစ်ခန်း လင်းပြည့်နဲ့ လင်းခန့်ကတစ်ခန်း ဟိန်းထက်ဇော်နဲ့ မင်းသာထက်တို့ကတစ်ခန်းယူကာ နေကြမည်ဖြစ်ပြီး ညနေမှရေဆော့ကြဖို့ချိန်းလိုက်ကြကာ အခန်းကိုယ်စီသို့သွားကာနားနေလိုက်ကြတော့သည်။

~~~~~~~~~~~~

"Boss တစ်ခုခုဖြစ်နေတာလား"

မင်းခန့်ညား ဖုန်းကိုကြည့်လိုက် အလုပ်လုပ်လိုက်သက်ပြင်းချလိုက်နဲ့ လုပ်နေတာကို ဗညားတွေ့တော့ မနေနိုင်စွာမေးလိုက်မိသည်။

My Baby (Only You ) {completed}Where stories live. Discover now