Part 22

7K 421 5
                                    

Unicode

"အား အိမ်မှာနေရတာ ပျင်းလိုက်တာ ဦးကလည်းမအားဘူး ကိုကြီးကလည်း အကျင့်မကောင်းဘူး သူ့ကိုထားခဲ့ပြီး သွားချိန်းတွေ့နေတယ် အဖေနဲ့အမေလည်းမရှိဘူး အကျင့်မကောင်းဘူး အတွဲကိုယ်စီနဲ့ ထွက်သွားပြီး သူ့ကိုကျတော့ အိမ်စောင့်လုပ်ခိုင်းခဲ့ကြတယ်"

မင်းသာထက်တစ်ယောက် အခန်းထဲကုတင်ပေါ်တွင်လိမ့်နေကာ ညည်းညူနေတော့သည် ။ ထို့နောက်သူ့ကို လင်းပြည့်တို့က ဖုန်းဆက်ခေါ်တာကြောင့် အိမ်ကိုသော့ခတ်ထားကာ လမ်းထိပ်ကိုတွေ့ဖို့ထွက်လာခဲ့လိုက်သည်။

"ပြောဘာကိစ္စလည်း"

"ဘာကိစ္စမှ မဟုတ်ဘူး ကျောင်းပိတ်တော့ မတွေ့ရတာကြာလို့ လာတွေ့တာ လ၀န်းလည်းပါတယ် ဟိုမှာမုန့်၀ယ်နေတယ်"

"ဟုတ်လား"

"သာထက် လာပြီလား"

လက်ထဲတွင်လည်း မုန့်ထုတ်အပြည့်နဲ့ပါးစပ်ကလည်းပလုတ်ပလောင်းနဲ့လ၀န်းတစ်ယောက်

"အေး ကျွေးအုံး"

"အင်း ရော့"

"လာ ငါတို့ဘောလုံးကွင်းဘက်ကိုသွားကြမယ် အဲ့မှာထိုင်စားမယ်"

"အေးသွားမယ် "

နဒီ၀င့်လွှာ ကားကို တစ်နေရာမှာရပ်ထားကာကားထဲကနေ မင်းသာထက်တို့ကိုကြည့်နေသည်။ ဘာတွေများသာနေလို့ သူ့ကိုငြင်းရတာလည်း သူကမှရုပ်လည်းလှသလို ချမ်းလည်းချမ်းသာသည် အရည်အချင်းလည်းရှိသည် အားလုံးကိုပြည်စုံနေတဲ့ဟာကို ဘာမဟုတ်တဲ့ ရက်ကွက်ကျိုရက်ကွက်ကြားကကောင်ကို ရွေးရတယ်လို့
အဲ့ကောင်ရှိနေလို့ ငါ့ကို ကိုခန့်က ငြင်းနေရတာ သူရှိနေလို့အမြဲတမ်း ငါ့ကိုဂရုမစိုက်တာ သူသာမရှိတော့ရင် ငါ့ကိုဂရုစိုက်လာမှာသေချာတယ် ဟုတ်တယ်သူသာမရှိတော့ရင် သေလိုက်တော့..... ကားကို အရှိန်တင်လိုက်ကာမင်းသာထက်ရှိရာ သို့တည့်တည့်မောင်းကာသွားတော့သည်။

မင်းသာထက် မုန့်တွေထပ်၀ယ်ဖို့အသွား ရုတ်တရက်အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးက သူ့ဆီကိုတည့်တည်း၀င်လာသည်။

ကျွီးး

"သာထက်!!!!"

ဒုန်းး!

My Baby (Only You ) {completed}Wo Geschichten leben. Entdecke jetzt