part 3

12.3K 728 8
                                    

"ညီလေး ညီလေး"

သာထက်တစ်ယောက် ခြံထဲတွင် မာမီ မားသား မေမေစေခိုင်းမှုကြောင့် အပင်တွေရေလောင်းနေရစဥ် ခြံရှေ့ကခေါ်သံကြောင့် လှမ်းကြည့်လိုက်တော့ လူတစ်ယောက်ကိုတွေ့တာကြောင့် ခြံတံခါးနားကိုသွားလိုက်ပြီး

" ဘာကိစ္စရှိလို့လဲဗျ"

"ပစ္စည်းလာပို့ပေးတာပါ"

"ကျွန်တော် ဘာမှမမှာထားဘူး အိမ်မှားလာပြီထင်တယ်"

"မမှားပါဘူး ဒီအိမ်ကိုပဲ ပို့ပေးဖို့ပြောလိုက်တာပါ"

"အော် ဒါဆိုလည်းပေးလေ ကျွန်တော် ပိုက်ဆံမပေးရဘူးမလား"

"ဟုတ် မပေးရပါဘူး"

"ဘယ်သူ ပို့ပေးခိုင်းတာလည်းဟင်"

"အဲဒါတော့ ပြောလို့မရဘူးခင်ဗျ သွားခွင့်ပြုပါအုံး"

သာထက်လည်း ထိုသူဆီကပစ္စည်းကိုယူပြီး အိမ်ထဲသို့၀င်လာခဲ့ပါတော့သည်။ ထိုနေ့ကစပြီး နေ့တိုင်း သူ့ဆီကိုပစ္စည်းပို့သမားနဲ့လည်းမုန့်တွေနဲ့တခြားပစ္စည်းလေးတွေရောက်လာတက်သလို တခါတလေခြံရှေ့မှာပန်းတွေအရုပ်တွေလည်း တွေ့ရတက်သည်။

"ဒါဆိုရင် နင့်ကို ပို့ပေးနေတဲ့သူက နင့်ကိုသဘောကျနေလို့ပဲဖြစ်မယ်"

'အော်ညဏ်ကြီးရှင်မိယွန်းပါလားးး'

"ဘယ်သူလည်း ဆိုတာနင်သိလားသာထက်"

"မသိဘူးလေ ငါလည်း"

"အားကျလိုက်တာကွာ ငါတို့ကျတော့လည်း အဲ့လိုရဖို့နေနေသာ ဟူးး"

ဒါကတော့ နှစ်တထောင် fa လ၀န်းရဲ့ညည်းညူသံလေးပဲဖြစ်သည်။ရည်းစားစကားလာပြောသမျှကိုလည်းအားကြီးနဲ့ငြင်းငြင်းလွှတ်ပြီးအတွဲတွေတွေ့မှအားကျသလိုညည်းညူးနေတက်သေးသည်။

"ဒါနဲ့လေ ဟိုနေ့က ငါ့အမေနဲ့စျေး၀ယ်ထွက်တော့ကိုသူရိန်ကို တွေ့လိုက်တယ်သိလား"

"ဟိုတစ်ယောက်လား သူကနိုင်ငံခြားမှာမဟုတ်ဘူးလား"

"ပြန်လာတာနေမှာပေါ့"

"အေးဟုတ်တယ် သူပြန်ရောက်နေပြီ"

"ဟင် သာထက် နင်ကဘယ်လိုသိတာလည်း နင်ပြန်ဆက်သွယ်နေတာလားသူနဲ့ ပြောစမ်း"

My Baby (Only You ) {completed}Where stories live. Discover now