part 12(unicode)

8K 474 3
                                    

ဟိန်းထက်ဇော် ဒီနေ့ မင်းမြတ်သူရနဲ့ချိန်းထားတာကြောင့်ပြင်ဆင်ပြီး လမ်းထိပ်ကိုထွက်လာခဲ့လိုက်သည်။

"ဦးဦးရေ ဦးဦးဒေါက်တာက မလာသေးဘူးလား"

"လာမှာပေါ့မီးလေးရဲ့ "

မင်းမြတ်သူရက ကားကိုမှီပြီး ရပ်စောင့်နေရင်းကနေကလေးမလေးရဲ့ အမေးကိုပြန်ဖြေလိုက်သည်။ သူစိတ်စောပြီး ချိန်းထားတာထက် အချိန်နည်းနည်းစောပြီးထွက်လာမိတာကြောင့် စောင့်နေရခြင်းဖြစ်သည်။ ကလေးကတော့ ကစားကွင်းကို မြန်မြန်ရောက်ချင်နေတော့ စောင့်ရတာကို စိတ်မရှည်ဟန်ဖြစ်လာသည်။

"ဟုတ်"

"ဟိုမှာလာပြီမီးလေး"

ထိုအခါ ကြယ်လေးခေါ် မင်းမြတ်သူရရဲ့တူမလေးကဟိန်းထက်ဇော်ဆီကို ပြေးသွားပါတော့သည်။

ဟိန်းထက်ဇော်လည်း သူ့ကိုတွေ့တာနဲ့ ပြေးကာလာသောကြယ်လေးကို ပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းလေး ကိုအသာဆွဲလိုက်ကာ

"ကြယ်လေးဘာလို့ ပြေးလာရတာလည်းချော်လဲနေအုံးမယ်"

"မလဲပါဘူး ဦးဦးဒေါက်တာရဲ့"

"ဟုတ်ပါပြီ"

"လာ လာသွားကြအောင် ကားပေါ်မှာမှတ၀ကြီးပြောကြ"

ဟိန်းထက်ဇော်လည်း ကြယ်လေးကိုချီကာ ကားနောက်ခန်း တံခါးကိုဖွင့်ပြီး ကလေးကိုအရင်၀င်ထိုင်စေပြီးမှသူ၀င်ထိုင်ဖို့လုပ်လိုက်သည်။

"ကောင်လေး ကိုယ့်ဘေးမှာလာထိုင်လေ"

"အာ ကျွန်တော် နောက်မှာပဲ ကလေးနဲ့အတူထိုင်တော့မယ်"

"မရဘူး ရှေ့မှာလာထိုင်"

"နောက်မှာပဲထိုင်မယ်"

"ရှေ့မှာလာထိုင်"

"ဦးဦးဒေါက်တာ ရှေ့မှာပဲထိုင်လိုက်ပါ ဦးဦးတို့ဆက်ပြီးငြင်းနေရင် မီးမီးကစားကွင်းမရောက်ဘဲ ဒီမှာပဲနေနေရလိမ့်မယ်"

"ဟုတ်ပါပြီ ကြယ်လေးရေ ဦးဦးရှေ့မှာပဲထိုင်တော့မယ်"

ကြယ်လေး ၀င်ပြောတော့မှပဲ ဟိန်းထက်ဇော် ဇွဲလျော့ကာရှေ့မှာပဲ ထိုင်ရန် ဆုံးဖြတ်လိုက်ရတော့သည်။ ထို့နောက်မှာတော့ သူတို့ရဲ့ကားလေးကကစားကွင်းဆီသို့ ဦးတည်ကာ ထွက်ခွာလာပါတော့သည်။

My Baby (Only You ) {completed}Kde žijí příběhy. Začni objevovat