Extra 5

2.2K 53 1
                                    

Unicode

“လဝန်းမ ရေ ပြောစရာရှိတာပြော အချိန်ဆွဲမနေနဲ့”

“အေးလေ”

ပြောစရာရှိတယ်ဆိုပြီး လူစုခိုင်းထားပြီး လူစုံတော့လည်းမပြောသေးဘဲ ပြုံးစိစိမျက်နှာထားနဲ့ အအေးထိုင်သောက်နေသည်။ ကြာလာတော့ သာထက်ရော ယွန်းရောကစိတ်မရှည်တော့ပေ။

“အေးပါ ရော့ ရော့ ထွေထွေထူးထူးမဟုတ်ဘူး ဖိတ်စာပေးမလို့”

လဝန်းကသူ့အိတ်ထဲကဖိတ်စာကိုထုတ်ကာစားပွဲပေါ်တင်ပေးလိုက်သည်။

“ဖိတ်စာ”

“အင်းလေ”

“နောက်ဆုံးတော့ အိမ်ကပေးစားမဲ့လူကိုပဲယူတော့မယ်ပေါ့ဟုတ်လား ဟမ်”(ယွန်း)

“ကောင်မနင် အပြောင်းလဲ အဲ့လိုမြန်တယ်ပေါ့ အမကိုနင်ဘယ်လိုလုပ်လိုက်တာလဲ”(မင်းသာထက်)

“နင်အဲ့လိုလုပ်လို့ရမလား အိမ်ကသဘောမတူဘူးဆိုတာနဲ့ပစ်ချခဲ့ပြီး သဘောတူတဲ့အကောင်ကို ကောက်ယူမယ်ဆိုတာကြီးကတော့ မကောင်းဘူးနော်”(လင်းပြည့်)

“ဟမ် ဘာတွေပြောနေကြတာလဲဟ”

လဝန်းတစ်ယောက် ကြောင်အနေမိတော့သည်။ဘယ်လိုဖြစ်လို့  ရှေ့မှာချထားတဲ့ဖိတ်စာကိုသေချာမဖတ်ကြည့်ကြဘဲ အကုန်လုံးက သတ်မလိုဖြတ်မလိုမျက်နှာထားနဲ့ဒရမ်မာခင်းနေကြတာလဲ။

“ကျက်သရေတုံးတစ်သိုက်ရေ ဖိတ်စာကိုအရင်ဖတ်ကြအုံးဟ”

သာထက်က ရှေ့တွင်ချထားတဲ့ဖိတ်စာကိုကောက်ယူလိုက်ပြီး ဖတ်လိုက်တော့ ဘေးကယွန်းနဲ့လင်းပြည့်ကပါအတူလာကြည့်ကြတော့သည်။

“အော် အမနဲ့ပဲကို”

အဲ့ကျမှ အကုန်လုံးစပ်ဖြဲဖြဲမျက်နှာထားတွေနဲ့ဖြစ်ကုန်ကြသည်။

“သဘောတူလိုက်ပြီပေါ့ အိမ်က”

“အမွေဖြတ်လိုက်ပြီလေ”

“ဟမ်”

လဝန်းနဲ့နဒီဝင့်လွှာတို့တွဲနေကြတာကို နှစ်ဖက်မိဘတွေကိုဖွင့်ဟ ပြောပြခဲ့တော့ နဒီဝင့်လွှာရဲ့မိဘတွေက သဘောတူကြည်ဖြူပေမယ့် လဝန်းရဲ့မိဘတွေကတော့ အပြင်းအထန်ကိုကန့်ကွက်ခဲ့ကြသည်။ ဒီအတောတွင်း လဝန်းက သဘောတူလက်ခံလာအောင် နားလည်ပေးလာနိုင်အောင် ကြိုးစားပေမယ့်လည်း ရှေးရိုးစွဲမိဘတွေက ဘယ်လိုမှကိုလက်မခံပေးခဲ့ကြတဲ့အပြင် သူတို့ကိုပတ်ဝန်းကျင်မှာ အရှက်ရအောင်လုပ်ပါသည်ဟုဆိုကာ စွပ်စွဲပြောဆိုခဲ့ကြသေးသည်။

My Baby (Only You ) {completed}Where stories live. Discover now