part 11(unicode)

8.7K 503 3
                                    

flashback

ဗညားတစ်ယောက် အိမ်မပြန်ဘဲရုံးမှာနှစ်ရက်လောက်နေနေသော bossကြောင့်စိတ်ညစ်နေပြီဖြစ်သည်။ သူမပြန်တော့ကိုယ်လည်းမပြန်ရဘူး အလုပ်တွေလည်းအတင်းသိမ်းကျုံးပြီးခိုင်းနေသည်။ အိမ်ကိုလည်း လွမ်းလှပြီဖြစ်တာကြောင့် ဗညားလည်းကြည့်မနေနိိုင်တော့ဘဲ ပြောရန်ဆုံးဖြတ်လိုက်တော့သည်။

"boss"

"ဘာလည်း "

"အိမ်မပြန်တော့ဘူးလားဟင်"

"မပြန်သေးဘူး"

ဗညားလည်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာအရဲစွန့်ပြီးတော့

"bossကျွန်တော်ပြောမယ်"

"ပြောလေ မင်းကိုဘယ်သူက ပိတ်ခိုင်းထားလို့လည်း"

"bossအဲ့လို ရှောင်နေတာမကောင်းဘူးနော် တကယ်ဆိုbossဖွင့်ပြောပြီးရင် အဖြေတောင်းရမယ်လေ ပြီးတော့ ငြင်းရင်တောင်bossဘက်ကပြန်ပြီးကြိုးစားလို့ရသေးတယ်လေ အခုbossက အဖြေလည်းမတောင်းခဲ့သလို ပြန်ပြောချိန်တောင်မပေးဘဲ ထွက်လာတာမလား"

ထိုအခါမှ မင်းခန့်ညားတွေဝေသွားပြီး

"ငါဘာဆက်လုပ်ရမလဲ"

"အခု ချက်ချင်းအဖြေသွားတောင်းပေါ့"

"ဟာမလုပ်ချင်ဘူး ငါမျက်နှာပူတယ် babyကိုတွေ့ရမှာ"

"bossအဲ့လိုလုပ်နေရင် ရတော့မှာမဟုတ်ဘူး သူများနောက်ပါသွား လိမ့်မယ်"

" ဒါဆို ငါပြန်ဖွင့်ပြောရင် ကောင်းမလား"

"အဲ့တာကောင်းတယ် Boss သေချာပြင်ဆင်ပြီးတော့ ရုပ်ရှင်တွေထဲကလို ဖယောင်းတိုင်တွေ ပန်းတွေနဲ့သေချာပြင်ဆင်ပြီးချစ်ခွင့်ပန်လိုက် အဲ့လိုဆို သူလည်းကြိုက်မယ်ထင်တယ် အဲ့တော့ bossက......"

"ဟုတ်တယ်အဲ့လိုလုပ်ရမယ်"

"အင်း အဲ့တော့.... "

"ဟုတ်ပြီ ဒါဆို မင်းငါ့အစားအလုပ်တွေ ဆက်လုပ်ထားလိုက် ငါသွားပြင်ဆင်လိုက်အုံးမယ်"

"ဟာ boss နေဦးလေ"

ထို့သို့ပြောကာအသည်းသန်ထွက်သွားသောဗညားရဲ့bossကြောင့်ဗညားတစ်ယောက်ငိုချင်စိတ်ပင်ပေါက်သွားသည်။

My Baby (Only You ) {completed}जहाँ कहानियाँ रहती हैं। अभी खोजें