part 7(zawgyi)

5.5K 182 0
                                    

မင်းသာထက်တစ်ယောက် မင်းခန့်ညားအိမ်သို့ဝင်လာကာ

"လူကြီးရေ"

မင်းခန့်ညား ရုံးပိတ်ရက်ဖြစ်တာကြောင့် အိမ်မှာနေရင်းအလုပ်ခန်းထဲတွင် လုပ်လက်စကျန်တဲ့အလုပ်တွေကိုလက်စသတ်နေတုန်း baby ခေါ်သံကြားတာကြောင့်အလုပ်ခန်းထဲကနေထွက်လာကာ

"ဟင် baby ဘာဖြစ်လို့လည်း"

"ခင်ဗျားအားလား"

"အင်း အားတယ်လေ"

"ဒါဆို ကျွန်တော်ရုပ်ရှင်သွားကြည့်မလို့ အဖော်လိုက်ခဲ့ပေးပါလား တစ်ခြားသူတွေကိုလည်းခေါ်ပြီးပြီ မအားကြဘူး  လူကြီးပဲအားတာ လိုက်ပေးလေနော်"

"အင်း အင်း ခနစောင့် ကိုယ်အ၀တ်စားလဲလိုက်အုံးမယ်"

"ဟုတ် " ဟုဆိုကာ မီးဖိုချောင်ထဲဝင်သွားပါသော သူ့ရဲ့ baby အခုဆို သူရဲ့Babyလေးက သူနဲ့ပိုရင်းနှီးလာပြီးသူအိမ်ကိုလည်း ခနခနလာတက်သည်။ လာရင်လည်းသူ့အိမ်မှာရှိသမျှ မုန့်အကုန်ယူစားတက်သေးသည်။သူကလည်း သူလေးလာရင် စားဖို့ဆိုပြီးမုန့်တွေဝယ်ဝယ်ထားတက်သည်။ အခုမှ တကယ်ကို ကလေးမုန့်ပေးကြိုက်နေရတာဖြစ်သည် တစ်ခါတစ်ခါ သူငယ်ချင်းတွေ ကောင်းကြောင်းရော မကောင်းကြောင်းရော အစုံလာလာပြောပြတက်သေးသော သူ့ babyလေးပါလေ ပြောရင်လည်းလ၀န်းဆိုတဲ့ ကောင်မလေးအကြောင်းက များတော့ ထိုကောင်မလေးနဲ့သ၀န်တိုရသေးသည်။
အခုလည်း သူအ၀တ်စားလဲပြီး ထွက်တော့ထင်တဲ့အတိုင်း မုန့်စားရင်းစောင့်နေသောသူလေး

"လာပြီလား လာသွားကြမယ် မြန်မြန်"

"အင်းပါသွားမယ်"

🚗🚗🚗🚗🚗

ရုပ်ရှင်ရုံရောက်တော့ သူလေးကြည့်တာက သရဲကားဆိုတော့ သူလေးကြောက်လို့ ရှိရင် ကိုယ်ကရင်ခွင်လေးထဲထည့်ကာ ဖက်ပေးထားမယ်ပေါ့ ဒါကကိုယ်အတွေးသက်သက်ပါ။ ထိုကလေးကတော့ ကြောက်ဖို့နေနေသာမုန့်တောင် အေးဆေးထိုင်စားနေသေးသည်။ရုပ်ရှင်လာကြည့်တာလား မုန့်လာစားတာလား မသဲကွဲပေ။

"အားးးဗိုက်ဆာလိုက်တာ"

အခုလည်း ရုပ်ရှင်ပြီးလို့ ပြန်အထွက်တွင် ဗိုက်ကလေးကိုပွတ်ကာပြောလာသောBabyလေး

My Baby (Only You ) {completed}Onde histórias criam vida. Descubra agora