part 4

11.5K 725 22
                                    

"ဟဲ့ သားငယ်ဘာဖြစ်လာတာလဲ"

ဒေါ်ကေသီတစ်ယောက် ဘေးကနေ မောင်မင်းခန့်ညားကူတွဲပေးနေရပြီး ထော့နဲ့ထော့နဲ့ ဖြင့် အိမ်ထဲ၀င်ကာလာသော သားတော်မောင်ကြောင့် စိတ်ပူကာမေးလိုက်သည်။

"ဟို ကျွန်တော့်ကားနဲ့ တိုက်မိမလိုဖြစ်သွားပြီး ခြေခေါက်လဲသွားတာပါ "

"အယ် ဟုတ်လား သားရဲ့ကားဘာဖြစ်သွားသေးလဲ"

ဒေါ်ကေသီရဲ့အမေးကြောင့်

"ဗျာ"

"အမေ!!"

"ဘာတုန်း"

"ဖြစ်တာက သားလေ"

"နင်ခြေထောက်လေးဘဲ ခေါက်သွားတာလေ"

ဒေါ်ကေသီလည်း မင်းခန့်ညားခေါ် သူ့သမက်လောင်းလေကိုကြည့်ကာ

"သားပဲ အဲ့မျောက်ကို ဆေးလိမ်းပေးလိုက်နော်"

"ရတယ် အဖေ့ကိုပဲလိမ်းပေးခိုင်းမယ် ခင်ဗျားပြန်တော့"

"မရှည်နဲ့ နင့်အဖေမအားဘူး ငါ့ကို ဟင်းချက်ဖို့ကူပေးရမှာ"

"သားခန့်ပဲလိမ်းပေးလိုက်နော် ပြီးတော့ ညစာပါတခါတည်းစားသွားနော်"

"ဟုတ်ကဲ့ အန်တီ"

"လာလေ ရှင်က ဘာလုပ်နေတာလဲ ကျွန်မကို လာကူလေ "

ဒေါ်ကေသီလည်း ဖတ်လက်စ သတင်းစာကို ပြန်ပြီးထိုင်ဖတ်ဖို့ပြင်နေတဲ့သူမယောကျာ်းကို အတင်းဆွဲကာ မီးဖိုချောင်ထဲကိုခေါ်လာခဲ့တော့သည် ။ခေါ်လာရမယ်လေဒင်းကအလိုက်မသိကလေးတွေကြားမှာ ကန့်လန့်ကန့်လန့်နဲ့နေနေချင်သေးတာကို။

သာထက်လည်း သူ့ကိုဆေးသေချာလိမ်းပေးပြီး ပတ်တီးပါစည်းပေးနေတဲ့ မင်းခန့်ညားကိုကြည့်နေရင်း

"ရပြီ ခင်ဗျားပြန်တော့"

"Babyကလည်း အန်တီကညစာပါစားသွားဖို့ ပြောထားတယ်လေ ကိုယ်ပြန်ရင်ရိုင်းရာကျမှာပေါ့"

ငတ်ရင်ငတ်တယ်ပြောပေါ့ ဆင်ခြင်တွေ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တည်းက အိမ်နားကိုပြောင်းလာပြီးအိမ်နီးနားချင်းတွေနဲ့ ရင်းနှီးချင်လို့မုန့်လိုက်၀ေတယ်ဆိုပြီး(သာထက်တို့တစ်အိမ်တည်းပါ)အိမ်ကို ရောက်လာကာမုန့်တွေပေးရင်း အမေနဲ့ စကားတွေ ပြောနေကြသေးသည်။ နောက်နေ့ကြတော့ အမေဖိတ်လို့ အိမ်မှာညစာလာစားသေးသည်။ ထူးထူးဆန်းဆန်း အမေက ညစာဖိတ်ကျွေးသေးတာနောက်ကျတော့ သူ့အိမ်ကို အမေကတစ်မျိုးပြီး တစ်မျိုးမုန့် တွေလုပ်ကာ သွားပို့ခိုင်းသည်။

My Baby (Only You ) {completed}Место, где живут истории. Откройте их для себя