Part24

6.8K 406 1
                                    

Unicode

မင်းခန့်ညား အ၀ေးကနေ ဘွဲ့၀တ်စုံလေး၀တ်ကာသူငယ်ချင်းတွေ မိသားစုတွေနဲ့အတူ ဓာတ်ပုံရိုက်နေသော babyကို ငေးကြည့်နေမိသည်။ ဒီနေ့လေးက babyလေးဘွဲ့ယူတဲ့ နေ့လေးဖြစ်သလို သူတို့တွဲလာတာတစ်နှစ်ပြည့်တဲ့နေ့လေးလည်းဖြစ်သည်။ ကလေးလေးတစ်ယောက်လိုပျော်ရွှင်ကာ ပြုံးနေတဲ့ ဒီချစ်စရာကောင်းတဲ့ကောင်လေးကို သိပ်မကြာခင်မှာဘဲ သူတရား၀င်ပိုင်ဆိုင်ခွင့်ရတော့မည့်အကြောင်းကို သူတွေးကာပျော်နေမိသည်။

"ဦး"

အခုတော့ သူ့ကိုတွေ့ပြီထင်ပါရဲ့သူ့ဆီကိုပြေးလာသော babyလေး

မင်းသာထက်လ၀န်းတို့နဲ့ ဓာတ်ပုံရိုက်နေတုန်းအမေက ဦးရောက်နေပြီလို့ ပြောသောကြောင့် ဦးရှိရာသို့ပြေးသွားမိသည်။

"Baby ပြေးလာပြန်ပြီး လဲရင်ဘယ်လိုလုပ်မလဲ"

"ဘာမှလာမပြောနဲ့ စိတ်ဆိုးနေသေးတာနော် လာတာနောက်ကျတယ် "

အရေးကြီး အလုပ်ကိစ္စကြောင့် သူနဲ့အတူမလိုက်နိုင်ဘဲနောက်ကျမှ ရောက်လာတဲ့ဦးကို သူတကယ်စိတ်မဆိုးပါနားလည်ပါသည်။ ဒါပေမဲ့လည်း သူစိတ်ဆိုးသလိုလုပ်ပြချင်သည် သူ့ကို ချစ်စနိုးနဲ့ကြည့်ကာ လိုက်ချော့တဲ့ဦးပုံစံကိုသူအလွန်သဘောကျပါသည်။

နှုတ်ခမ်းလေးထော်ကာ ပြောလာသော babyကြောင့်မင်းခန့်ညား ထိုနှုတ်ခမ်းလေးကို နမ်းချင်စိတ်လေးတဖွားဖွားပေါ်လာခဲ့သည်။လူတွေ အများကြီးရှိနေတာကြောင့်နမ်းလိုက်ရင် babyရှက်သွားမည်ကို စိုးရိမ်တာကြောင့် Babyရဲ့ပခုံးလေးကိုဖက်ကာ နဖူးလေးကိုသာ ဖွဖွကလေးနမ်းလိုက်သည်။

"ဟုတ်ပါပြီး စိတ်မဆိုးပါနဲ့တော့ babyစားချင်တာတွေအကုန်လိုက်၀ယ်ကျွေးမယ်လေ"

"အစားနဲ့ ချော့ရအောင် babyက ကလေးလား"

သူ့ကို မျက်စောင်းလေးထိုးကာပြောလာသောကလေးလေး

"အင်းကလေးပဲလေ"

"ဘာ ဒီမှာတွေ့လား ဘွဲ့လက်မှတ် ဘွဲ့ရပညာတက် လူကြီးဖြစ်နေပြီ သိဖို့ ဟွင့်"

လက်ထဲတွင် ကိုင်ထားတဲ့ဘွဲ့လက်မှတ်ကြီးကို ပြကာသူ့ကိုရန်တွေ့သလိုပြောနေတဲ့ babyကြောင့်သူရယ်ချင်နေမိသည်။တကယ်ကိုချစ်ဖို့ကောင်းတဲ့ကလေး ရယ်တော့မရယ်လိုက်မိပါ တော်ကြာထပ်ပြီးစိတ်ဆိုးသွားရင်ဘယ်နဲ့လုပ်မလဲ။

My Baby (Only You ) {completed}जहाँ कहानियाँ रहती हैं। अभी खोजें