အပိုင်း - (၁၁)

2.3K 302 14
                                    

• စာလုံးပေါင်းမှားယွင်းခဲ့သည်များရှိသော် ပြီးဆုံးသွားမှပြင်ဆင်ပါတော့မည်။ •

[ ရှစ်ဇွင်း ပြန်လာပြီ ]

လိုက်ပါဖို့သဘောတူလိုက်သော ရှန်းစစ်ကြောင့် ကျုံရှစ်တို့နတ်ဘုရားတောင်ကြားကနေ ပြန်လည်ထွက်ခွာလာကြသည်။

အရှင်လော့ရန်ကတော့ သူ့ဆီကနေထိန်းချုပ်မှုကင်းမဲ့သွားတဲ့ ရှန်းစစ်အား ဝမ်းသာတစ်ဝက်ဝမ်းနည်းတစ်ဝက်ဖြင့် ငေးကြည့်နေမိသည်။

" အချိန်မတန်ခင်ဘာမှဖြစ်မလာဖို့ပဲ မျှော်လင့်ရတာပေါ့ "

အနားသို့ရောက်လာသည့် အစောင့်အရှောက်ဖြစ်သူနဂါးအား ညင်သာစွာပွတ်သပ်ပေးလို့။

"မင်းလည်းထင်တယ်မလား သူ့အချိန်ကျရင်တော့တားဆီးလို့ရနိုင်မှာမဟုတ်ဘူး ဟင်း"

"အရှင်လော့ရန် ကျုံရှစ်ကရှန်းစစ်ကိုထိန်းနိုင်မယ်လို့ ဘာလို့သေချာနေရတာလဲ"

"အလိုလိုသိတာလို့ပဲပြောရမလား ကဲပါ ငါတို့တောင်ကြားကိုလာမယ့်သူမရှိတော့ဘူးဆိုတော့ နှစ်ဘယ်လောက်ကြာအောင် ပြန်အိပ်ကြမလဲ"

အရှင်လော့ရန်ရဲ့ပူပန်မှုတွေကိုမသိသော ရှန်းစစ်ကတော့မှု
အပြင်လောကထက်ပျော်ပါးစွာ လှည့်ပတ်နေလေသည်။

"မင်းပုံစံပြောင်းလို့ရရင်ပြောင်းလိုက် ချင်ချူဂိုဏ်းကိုရောက်ခါနီးနေပြီ"

အလာတုန်းကလိုမြို့တွေကိုမလည်ပတ်တော့ဘဲ ဂိုဏ်းသို့သာအရောက်ပြန်လာခဲ့တော့သည်။ သူထွက်လာတာအချိန်အတော်ကြာသွားပြီလို့ ခံစားရသောကြောင့်ပင်။

ချလွင် ~

ခြူလုံးလေးကလှုပ်ခါသွားပြီး လက်မအရွယ်အစားသာရှိသောဓားအဖြစ်
ပြောင်းလဲသွားလေသည်။

" ဒီပုံစံကမဆိုးပါဘူး မင်းကိုဆံထိုးနဲ့အထင်မှားနိုင်လောက်တယ်"

ချလွင် ~

သူ့ကိုဆံထိုးနဲ့နှိုင်းတာကြောင့် စိတ်ဆိုးသွားလေသည်။

ကျုံရှစ်ကတော့ မသိပါဘဲ ဝတ်ရုံထဲသို့ထည့်သိမ်းလိုက်လေသည်။

Please Shizun , Don't Eat Mud ! Wo Geschichten leben. Entdecke jetzt