အပိုင်း - ( ၁၆ )

1.4K 247 11
                                    

[ တောင်သခင်ရှစ်ယောက်ရဲ့သနားစရာဖြစ်အင် ]

ချန်ထားရစ်တာကြာပြီဖြစ်သောတပည့်ဖြစ်သူအား သတိရသွားတာကြောင့် ရှစ်ကျဲအား ပြန်တော့မည်ဟုနှုတ်ဆက်ပြီး ထွက်လာ​တော့ နောက်ကျောဘက်မှခံစားရသည့်ပူလောင်သည့် အကြည့်တွေကြောင့် လှည့်ကြည့်မိတော့။

' အာ စိတ်ပျက်စရာပဲ '

ရွေ့ပြောင်းအစီအရင်အားအသုံးပြုလို့ တောင်ထွတ်ဆီပြန်ရောက်တော့ ပျက်စီးနေသောစံအိမ်တစ်ဝိုက်က ဖုန်တလိမ်းလိမ်းဖြင့်ကြိုဆိုနေလေသည်။

ဟွမ်မြောင်ရဲ့ကာကွယ်မှုအောက်တွင် အဆင့်တက်နေသောတပည့်ဖြစ်သူရဲ့ အခြေအနေအားတစ်ချက်စစ်ဆေးပြီးနောက်။

" ရှန်းစစ် ? မင်းကပါဘယ်လိုလို့
ဟွမ်မြောင်ရဲ့အတောင်တွေကြားထဲရောက်နေရတာလဲ "

ပျက်စီးသွားသည့်နေရာအကြောင်းကိုမေးရန် ကြံစည်တော့ စကားမပြောတတ်တဲ့ငှက်ရယ် ၊ အပျင်းထူနေတဲ့ဓားရယ်ပဲရှိလေရာ။

" မှတ်တမ်းတင်ကျောက်တုံးကိုဘယ်နားထား ထားမိပါလိမ့် "

ရှုပ်ပွနေတဲ့အပျက်အစီးတွေကြားမရှာချင်တာကြောင့် လက်ဟန်တစ်ချို့ပြုလုပ်တော့ ညလင်းပုလဲလုံးပမာ တောက်ပသည့်အစိမ်းရောင်ကျောက်များ ကျုံရှစ်ရှေ့အသီးသီးရောက်လာလေသည်။

" တောင်ကြားသခင်လော့ရန် မပေးချင်တဲ့အကြောင်းအရင်းကဒါကြောင့်လား ဒါနဲ့ဘာလို့ငါ့ရဲ့ကုချင်သံကိုမကောင်းဘူးလို့ ပြောနေသလိုခံစားနေရတာလဲ"

"သုံးနှစ်တောင်ကုချင်တီးခဲ့တာ နားထောင်လို့မကောင်းဘူးလား ?"

ဟွမ်မြောင်အား တပည့်ဖြစ်သူကိုဆက်ကြည့်ခိုင်းထားပြီး သူကတော့အဓိကတောင်ထွတ်ဖြစ်သည့် မင်ကျင်းတောင်ဆီသို့သွားလေသည်။

သစ်တော်ပန်းတွေဝေနေသည့် ဆောင်းဦးစံအိမ်ထဲတွင်
ကျန်းချင်းရှိုး နှင့် နန်ခဲ့မှာကိစ္စကြီးတစ်ခုအား ဆွေးနွေးနေဟန်။

" ဂိုဏ်းသခင် ဟော်ရှန်းချင်းတောင်သခင်ရောက်လာပါတယ်"

ဂိုဏ်းသားလေးရဲ့စကားသံတွင် ဆွေးနွေးလက်စစကားများမေ့သွားပြီး။

Please Shizun , Don't Eat Mud ! Where stories live. Discover now