အပိုင်း - ( ၇ )

1.4K 156 6
                                    

[ ရှစ်ဇွင်း ဒီတပည့်ပြုတ်ကျကျန်ခဲ့ပြီ ]

ရှောင်းယွမ်ခန်းမတွင် အရောင်စုံသောဝတ်ရုံများဝတ်ဆင်ထားသော လူရှစ်ယောက်က​ ကျုံရှစ်ကိုစောင့်ကြိုနေခဲ့သည်။

ကျုံရှစ်ရောက်သောအခါ ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ကလက်ကိုဆွဲသွားလေသည်။

"ငါတို့ရဲ့ရှစ်တိ အရင်ကထက်ပိုပြီးသန့်ပြန့်နေသလိုပဲ"

"ကြည့်ပါဦး "

ဝမ်ရင်းတောင်သခင် နန်ခဲ့နှင့် ဂိုဏ်းအကြီးအကဲ ကျန်းချင်းရှိုးမှလွဲ ကျန်တောင်သခင်များက ကျုံရှစ်ကိုသေချာကြည့်ပြီး ကလေးလိုဆက်ဆံနေလေသည်။

အသက်တွေဘယ်လောက်ကြီးပါစေ သူတို့မျက်လုံးထဲကျုံရှစ်ဟာ ဆယ့်လေးနှစ်သားလေးလိုမြင်နေတုန်း။

အဲ့ဒါကြောင့်လည်း သူတို့ရဲ့ရှစ်ဇွင်းဖြစ်သူက ​တောင်သခင်ဘွဲ့ပေးအပ်ပြီးတသီးတခြားနေခိုင်းခဲ့သည်။

"ရှစ်ကျဲ ရှစ်ရှုန်းတို့ ရှစ်တိမူးလာပြီ "

"အေးပါ ပါးထပ်မဆွဲတော့ပါဘူး"

တပည့်ဖြစ်သူများအား လေ့ကျင့်သင်ကြားပေးရာတွင် တင်းကြပ်ကာစည်းစနစ်ကြီးသော တောင်သခင်များဟာ ဟော်ရှန်းချင်းတောင်သခင်ကိုတွေ့သည်နှင့် ကလေးကိုမြူတတ်သော အကိုကြီးအမကြီးများဖြစ်သွားတတ်ကြသည်။

ဆယ်နှစ်တစ်ခါ သို့မဟုတ် မိစ်ဆာတွေသောင်းကျန်းမှသာထွက်လာသော ရှစ်တိကို တွေ့သည့်အချိန်တွင် အနားမှမခွာချင်ကြပေ။

"အဟမ်း မင်းတို့ ငါ့ကိုရောအကြီးအကဲလို့သတ်မှတ်သေးရဲ့လား"

"ရှစ်ရှုန်းကလည်း ရှစ်တိကိုတွေ့ရခဲတာကို "

"မင်းတပည့်လေးကအဆင်ပြေရဲ့လား "

ကျုံရှစ်လက်မလေးကိုက်ပြီးတွေးရင်းနဲ့မှ။

"သူအချိုလုံးတွေလုပ်တတ်တယ် တော်တော်စားလို့ကောင်းတယ်"

"ရှစ်ကျဲလုပ်ပေးတဲ့ဆေးလုံးတွေကရော စားမကောင်းဘူးလား"

ငိုချတော့မလိုမေးလာသောမေးခွန်းကြောင့်။

Please Shizun , Don't Eat Mud ! Where stories live. Discover now