အချပ်ပို

1.6K 170 11
                                    

[ တကယ်လို့များမင်းရဲ့ရှစ်စွင်းက ကလေးဖြစ်သွားမယ်ဆိုပါစို့။ ]

ဟော်ရှန်းချင်းတောင်သခင်တစ်ယောက်ကျင့်စဥ်ဖောက်ပြီး သုံးနှစ်အရွယ်လေးအဖြစ်ပြောင်းသွားခဲ့သည်။ ထိုပြောင်းလဲမှုကြီးကချင်ချူဂိုဏ်းတစ်ခုလုံးသာမက
ကျင့်ကြံစဥ်လောကတစ်ခုလုံး ဂယက်ထသွားစေခဲ့သည်။ အဆိုးဆုံးကတပည့်ဖြစ်သူအပေါ်တွင်ဖြစ်သည်။

" ရှစ်စွင်း ၊ တပည့်ထန်ဟူလူးတွေထပ်ပြီးလုပ်ထားတယ်။ ရှစ်စွင်း ?"

ရှစ်စွင်းကဘယ်ရောက်သွားတာလဲ။ ကျိန်းသေပေါက်အခန်းထဲဝင်သွားတာကိုမြင်လိုက်ပါတယ်။

" တပည့်လေး ၊ ရှစ်စွင်းကဒီမှာ"

တပည့်ဖြစ်သူအတွက်ကျင့်စဥ်အသစ်ရေးပေးဖို့အတွက် စာအုပ်တွေ ၊ ပေလိပ်တွေကိုလေ့လာနေရင်း
ကျင့်စဥ်ဖောက်သွားခဲ့သည်။ အခုတော့စာအုပ်ပုံကြားထဲကမထွက်နိုင်ဖြစ်နေပြီ။

" ရှစ်စွင်း ?"

အသံလာရာကိုသွားကြည့်မိတော့ ဝတ်ရုံကြားထဲမှအတင်းထနေသည့်ကလေးတစ်ယောက်။

" ဒီရှစ်စွင်းကိုအပြင်ကူထုတ်ပေးပါဦး။ "

သေချာနားထောင်ကြည့်မှကလေးအသံဖြစ်နေလေသည်။ သူ့ထံသို့လှမ်းလာသည့်လက်လေးတွေမှာ ပန်းရောင်သန်းနေပြီးကိုက်ချင်စဖွယ်ဖြစ်နေလေသည်။

ရိပေါ်ရင်ထဲတွင်မီးတောင်ကြီးပေါက်ကွဲသွားသလို မျက်နှာမှာလည်းမီးလောင်ကျွမ်းနေသလိုခံစားရသည်။

စာအုပ်ပုံကြားထဲမှာထုတ်ပေးကာအောက်သို့ချပေးလိုက်တော့ ဝတ်ရုံတွေမပြီးအခန်းအပြင်ဘက်သို့ထွက်သွားတော့သည်။ ရှည်လျားတဲ့ဝတ်ရုံကြောင့် ခလုတ်တိုက်မှာကိုစိုးရိမ်ကာ
နောက်ကနေဝတ်ရုံလိုက်မပေးနေရသည်။

ဂိုဏ်းချုပ်​ဖြစ်သောကျန်းချင်းရှိုးထံသို့ ကျုံရှစ်ဆက်သွယ်နေသော်လည်း မရပေ။

" ရှစ်စွင်း ၊ ဂိုဏ်းချုပ်က ဂိုဏ်းပေါင်းစုံညီလာခံအတွက်အလုပ်ရှုပ်နေတယ်လေ"

" ဟုတ်သားပဲ။ "

လက်ပိုက်ပြီးစဥ်းစားနေသည့်ရှစ်စွင်းပေါက်စလေးမှာ ကြီးလွန်းလှသောဝတ်ရုံကြောင့် ပုခုံးသေးသေးလေးပေါ်နေတော့သည်။ စံအိမ်ဝင်းတစ်ခုလုံးဝတ်ရုံနဲ့တံမြက်စည်းလှည်းနေသလို ဖြစ်မှာစိုးတာကြောင့် ရိပေါ်မှာ။

Please Shizun , Don't Eat Mud ! Where stories live. Discover now