[ ဇာတ်ကောင်မိတ်ဆက် ] Z + Uni

4.1K 262 39
                                    

ကျင့်ကြံရေးလောကတွင် အမတလမ်းစဥ်ကျင့်ကြံသောဂိုဏ်းအားလုံး၏ အကြီးအကဲဖြစ်သောတာ့ချန်းဂိုဏ်းရဲ့ အာဏာအားသွေဖယ်ကာနေသော
ချင်ချူဂိုဏ်းတွင် တောင်သခင်ကိုးယောက်ရှိသည်။

ဂိုဏ်းအကြီးအကဲ ၊ ဂိုဏ်းချုပ် : ကျန်းချင်းရှိုး မင်ကျင်းတောင်သခင်ဖြစ်ပြီး ချီရွဲ့ကျင်းရှန်း၏ပထမဆုံးတပည့်။

မင်ကျင်းတောင်ကိုကိုယ်စားပြုသောအရောင်မှာ အနီရောင်ဖြစ်သည်။ သင်ကြားပေးသည့်ပညာရပ်များမှာ ဝင်္ကပါခင်းကျင်းခြင်းနှင့် သားရဲများကိုယဥ်ပါးစေခြင်းဖြစ်ပြီး စာရင်းအင်းများကိုလည်း မင်ကျင်းတောင်ရှိလူများကိုင်တွယ်ရကာ အလုပ်အများဆုံးဖြစ်သည်။

ဒုတိယအကြီးအကဲ ၊ ဆရာတူညီ : နန်ခဲ့ဖုန်းလီ ဝမ်ရင်းတောင်သခင်ဖြစ်ပြီး ချီရွဲ့ကျင်းရှန်း၏ဒုတိယမြောက်တပည့်။

ဝမ်ရင်းတောင်ကိုကိုယ်စားပြုသောအရောင်မှာ အစိမ်းရောင်ဖြစ်ပြီး သင်ကြားပေးသည့်ပညာရပ်များမှာ အစီအရင်မန္တာန် ၊ အင်းကွက်ရေးဆွဲခြင်းနှင့် ဂီတပညာရပ်တို့ဖြစ်ပြီး ကုချင်အားအထူးပြုသင်ကြားပေးသည်။

တတိယအကြီးအကဲ ၊ ဆရာတူညီမ : လော့ကျူးကျီး ယွီဟွားတောင်သခင်ဖြစ်ပြီး ချီရွဲ့ကျင်းရှန်း၏တတိယ​မြောက်တပည့်။

ယွီဟွားတောင်ကိုကိုယ်စားပြုသောအရောင်မှာ ခရမ်းရောင်ဖြစ်ပြီး ဆေးဝါးဖော်စပ်နည်းအားအထူးပြုသင်ကြားပေးကာ မိန်းကလေးတပည့်အများဆုံးဖြစ်သည်။

စတုတ္ထအကြီးအကဲ ၊ ဆရာတူညီ : ရှဟန် ရှင်းမေ့တောင်သခင်ဖြစ်ပြီး ချီရွဲ့ကျင်းရှန်း၏စတုတ္ထမြောက်တပည့်။

ရှင်းမေ့တောင်ကိုကိုယ်စားပြုသောအရောင်မှာ အပြာရောင်ဖြစ်ပြီး တိုက်ခိုက်ရေးအားအထူးပြုသင်ကြားပေးကာ ယောကျာ်းလေးတပည့်အများဆုံးဖြစ်သည်။

ပဥ္စမ ၊ ဆဋ္ဌမ အကြီးအကဲ ၊ ဆရာတူညီ : မုဟွာ ၊ ထျန်းဟွာ
ချင်းကျင့်တောင်သခင် နှင့် လော်အန်းတောင်သခင်ဖြစ်ပြီး ချီရွဲ့ကျင်းရှန်းတစ်ပြိုင်တည်းလက်ခံခဲ့သည့် အမြွှာညီအမ။

Please Shizun , Don't Eat Mud ! Where stories live. Discover now