အပိုင်း - ( ၁၃ )

1.7K 279 6
                                    

[ ဟောကိန်းထုတ်ထားခြင်းခံရသောသူ ]

" မင်းဓားကိုင်တဲ့ပုံစံကမှားနေတယ် ရှန်းစစ် မင်းငါ့တပည့်လက်ထဲငြိမ်ငြိမ်မနေနိုင်ဘူးလား "

ရိပေါ်နိုးလာပြီးနောက်တစ်နေ့နံနက်ခင်းတွင် ရှစ်ဇွင်းကိုယ်တိုင်သူ့အားသင်ပြပေးနေခြင်းဖြစ်သည်။ ​

" ဝမ်ရင်းတောင်သခင်ကမင်းကိုဘာမှမသင်ပေးလိုက်တဲ့ပုံပဲ "

ကျုံရှစ် ရိပေါ်ရဲ့ကိုယ်ဟန်အနေအထားကိုပြင်ပေးပြီး စကားဆိုလေသည်။

အစောပိုင်းရိပေါ်နိုးခါကာစအချိန်သို့ပြန်သွားကြည့်သော် ~

" ဒီရှစ်ဇွင်းနဲ့ဓားရေးယှဥ်ကြည့်ရအောင် "

ရှန်းစစ်အားကိုင်ဆောင်ထားပါသော်လည်း မည်သို့မည်ပုံလွှဲရမ်းရမည်ကိုမသိပေ။ သိုင်းကွက်ပေါင်းများစွာက ခေါင်းထဲစွဲမြဲစွာမှတ်မိနေသော်လည်း လက်တွေ့အသုံးချဖူးခြင်းမရှိသည့်အခါ အခက်တွေ့ရချေသည်။

သူ့ဘက်ကတိုက်ကွက်ထုတ်လာမည်ကို စောင့်ဆိုင်းနေသောကျုံရှစ်မှာ စိတ်ရှည်ရှည်နဲ့ရပ်နေလေသည်။

ရိပေါ်သက်ပြင်းငွေ့ငွေ့ချလို့ ရှန်းစစ်အားသေချာဆုပ်ကိုင်လိုက်ပြီး ရှစ်ဇွင်းဖြစ်သူထံသို့တဟုန်ထိုးပြေးဝင်သွားလေသည်။

အလိုက်သင့်လေးရှောင်ရှားလို့ လက်ကောက်ဝတ်အား
ကိုင်ဆောင်ထားသည့်မက်မွန်ကိုင်းဖြင့်ရိုက်လိုက်လေသည်။

"  နောက်တစ်ကွက် "

ထုံကျင်သွားတဲ့လက်ကောက်ဝတ်အားဂရုစိုက်မအားပါဘဲ လျင်မြန်မှုကိုအသုံးချလို့ အလစ်ဝင်တိုက်ခိုက်သော်လည်း မိမိမှာအကြိမ်တိုင်းလိုလိုမက်မွန်ကိုင်းနှင့်ရိုက်မိနေဆဲဖြစ်ပြီး ရှစ်ဇွင်းရဲ့ဝတ်ရုံစလေးကို​တောင် ထိခတ်အောင်မလုပ်နိုင်ချေ။

" မင်း ရှန်းစစ်ကိုင်ထားတဲ့ပုံစံက ကျောက်တိုင်လိုပဲ ၊ မင်းကဓားကိုသေချာကိုင်နိုင်မှ
လိုသလိုသုံးလို့ရမယ်လေ ၊ ဒီရှစ်ဇွင်းကိုကြည့် "

ရေလိုကြည်လင်သည့်ရှန်းစစ်မှာ ကျုံရှစ်လက်ထဲရောက်သွားသောအခါ
ငွေဖြူရောင်မြွေလေးအလား တောက်ပလျက်။

Please Shizun , Don't Eat Mud ! Where stories live. Discover now