အပိုင်း - ( ၂၀ )

2.2K 197 7
                                    

[ လော်ဟွားနယ်မြေ ၊ လဲ့အန်းချောက်ကမ်းပါး ]

အစီအရင်ထဲဝင်ရောက်လာသည်နှင့် ရိပေါ်နံဘေးတွင်ရှန့်ချွမ်ထွက်ပေါ်လာတော့သည်။
ခြေချလိုက်သည့်အချိန်သင်းပျံ့လှသောမက်မွန်ပန်းရနံ့က ရိပေါ်နဲ့ရှန့်ချွမ်အားလွှမ်းခြုံလာလေသည်။

" ငါးနှစ် "

" ငါးနှစ်ကမျက်တောင်တစ်ခတ်စာလေးကို ဘာတွေသက်ပြင်းချနေရတာလဲ "

ရိပေါ် ရှန့်ချွမ်အားမျက်စောင်းဖြင့်ကြည့်ပြီးမှ မျက်နှာလွှဲကာသက်ပြင်းထပ်ချလိုက်သည်။

' စကားမများရဘူး ၊ ရန်မဖြစ်ရဘူး ၊ ရှစ်ဇွင်းပြောတာနားထောင်ရမယ်။ '

ခွန်းတုံ့မပြန်လာသောကြောင့် ရှန့်ချွမ်မျက်ခုံးပင့်မိသွားပေမဲ့ အထူးအဆန်းတော့ဖြစ်မနေ။

" တောင်သခင်သုံးယောက်က တပည့်တွေကိုစောင့်ကြပ်ဖို့နေရာယူထားလောက်ပြီ။ မင်းကသူတို့နဲ့အတူတူလေ့ကျင့်လို့မဖြစ်တာသိတယ်မလား။"

မိမိအရှေ့တွင်ရှိနေသည့် ဂိတ်တံခါးလေးခုအားကြည့်လို့။

" ကျွန်တော်ကမြောက်အရပ်ကတံခါးကိုသွားရမှာမလား "

မီးဝိညာဥ်သွေးကြောဖြစ်ပေမဲ့ဆီးနှင်းတွေထူထပ်ကာအေးခဲသော လော်ဟွားနယ်မြေရဲ့မြောက်အရပ်သို့ ဘာကြောင့်သွားပြီးလေ့ကျင့်ခိုင်းမှန်း ရှန့်ချွမ်မမှန်းဆတတ်ပေ။

' အပြာရောင်မီးဝိညာဥ်သွေးကြောက မီးဒြပ်စင်တစ်ခုတည်းကျင့်ကြံနိုင်တာမဟုတ်ဘူး။ ရေဒြပ်စင်ကိုပါကျင့်ကြံနိုင်တယ်။ မီးသဘာဝကိုဖိနှိပ်ဖို့အတွက်အေးခဲတဲ့နေရာမှာပဲ လေ့ကျင့်လို့ရမယ်။'

ဒီကျုံရှစ်ကိုငါနည်းနည်းလေးမှကိုနားမလည်နိုင်ဘူး။ မီးဆိုလည်းမီးပေါ့ ၊ ဘာကိစ္စရေကိုပါအထူးတလည် ဂရုစိုက်နေမှန်းမသိဘူး  ̄へ ̄

ရှန့်ချွမ်မှာအတွေးများနေတုန်း ရိပေါ်ကတော့လက်ဖဝါးအလယ်တွင် စွမ်းအင်ချီများစုဝေးစေလျက် ဂိတ်တံခါးကိုဖွင့်ဖို့ကြိုးပမ်းနေသည်။

" ဒီအင်းကွက်ကပန်းချီသဘောတရားပါပါနေတယ် ကြည့်ရတာယင်ယန်တောင်သခင် အိုက်ရှန်းကျွင်းကရေးဆွဲထားတဲ့ပုံပဲ။ "

Please Shizun , Don't Eat Mud ! Where stories live. Discover now