အပိုင်း - ( ၁၄ )

1.6K 265 2
                                    

[ ကျုံရှစ်ဟန်ရှီ ရှောင်းရှန်းကျွင်း / ရှန်းစစ် ( ရှန့်ချွမ် နှင့် စစ်ဝမ်) ]

နီးကပ်သင်ကြားပို့ချပေးနေသည့် ရှစ်ဇွင်းဖြစ်သူကြောင့် ရိပေါ်ရဲ့ဓားရေးမှာ အရင်သုံးနှစ်ကထက်စာလျှင် ပိုပြီးတိုးတက်လာသည်။

ချီစွမ်းအင်ပြည့်ဝသောဟော်ရှန်းချင်းတောင်ဖြစ်တာကြောင့် လှုပ်ရှားသည်ဖြစ်စေ ၊ ငြိမ်သက်သည်ဖြစ်စေ ကိုယ်ထဲသို့စွမ်းအင်များလှည့်ပတ်စီးဆင်းနေလေသည်။

လူပျိုဝင်ခါစအသက်ဆယ့်ခုနှစ်နှစ်ကောင်လေးရဲ့ ဓားရေးလေ့ကျင့်ပုံက လိပ်ပြာလေးတစ်ကောင်နှယ်လှပတင့်တယ်နေခဲ့သည်။

ဓားရေးလေ့ကျင့်နေသည်ကိုစောင့်ဆိုင်းပေးနေသော ဟွမ်မြောင်နှင့်ရှန်းစစ်။ ငှက်ဝါလေးအားမထိတထိသွားသွားစနေသော ရှန်းစစ်မှာ ဟွမ်မြောင်ရဲ့ခြေသည်းဖြင့်ခဏခဏတွန်းထုတ်ခြင်း ခံရသော်လည်းအနားသို့ကပ်နေဆဲ။

ဟွမ်မြောင်ရဲ့နူးညံ့သောအမွှေးက ရှန်းစစ်အတွက်ဆော့စရာလိုပင်။

တပည့်ဖြစ်သူဓားရေးလေ့ကျင့်ရင်း ကိုယ့်ကိုယ်ကိုထိခိုက်မိမှာစိုးလွန်နေသောရှစ်ဇွင်းက သစ်သားဓားကိုချက်ချင်းပြုလုပ်ပေးလေသည်။ ထို့ကြောင့် ရိပေါ်နှင့်အတူဓားရေးမလေ့ကျင့်ရသောရှန်းစစ်မှာ ဟွမ်မြောင်ဘေးကပ်ကာဆော့နေခြင်းဖြစ်သည်။

ဓားရေးလေ့ကျင့်လိုက် ၊ ချီစွမ်းအင်လှည့်ပတ်နည်းအားဆင်ခြင်လိုက်ဖြင့် မအားလပ်သောရိပေါ်။ တပည့်နည်းတူအလုပ်များနေသည့်  မြို့တံတိုင်းအားပြန်လည်ပြင်ဆင်ဖာထေးနေသော
ရှစ်ဇွင်း။

" တဖြည်းဖြည်းအကြိမ်ရေစိပ်လာတာပဲ "

လက်ထဲမှချီစွမ်းအင်များကိုရုတ်သိမ်းလိုက်ပြီး တောင်ဆီသို့ပြန်မည့်အချိန်တွင် ပြိုပျက်တော့မတတ်လှုပ်ခါလာသည့်မြို့တံတိုင်း။

လက်ပုံစံအမျိုးမျိုးကိုပြုလုပ်ကာ ချုပ်နှောင်မန္တာန်အားရွတ်ဆိုနေသော ကျုံရှစ်။

ရှေးဟောင်းစာလုံးပေါင်းများစွာက ကျုံရှစ်လက်ထဲမှထွက်လာကာ မြို့တံတိုင်းအနှံ့ပြေးကပ်ကုန်ကြသည်။ စုတ်ချက်လှပသည့်စာလုံးများမှာ အကျည်းတန်သောမြို့တံတိုင်းပေါ်တွင် ပွင့်ဖူးနေသည့်ငွေရောင်ကြာပန်းလေးသဖွယ်။

Please Shizun , Don't Eat Mud ! Wo Geschichten leben. Entdecke jetzt