အပိုင်း - ( ၉ )

2.1K 303 3
                                    

[ ဒီရှစ်ဇွင်းကမင်းကိုထားခဲ့ရမယ် ]

ရိပေါ် ရှစ်ဇွင်းဖြစ်သူအားတောင်းပန်နေရင်းနဲ့မှ ပြန်မေးလိုက်သောစကားကြောင့် ရယ်ရခက် တောင်းပန်ရခက်ဖြစ်သွားလေသည်။

"ရှစ်ကျဲ ချင်ချူဂိုဏ်းကိုအရင်ပြန်ပြီး ဂိုဏ်းချုပ်ကိုသတင်းပို့ပေးပါ"

"ဟုတ်ပြီ ရှစ်ကျဲဒီတပည့်လေးရောခေါ်သွားပေးရမလား"

"မင်းလိုက်သွားမလား "

"ရှစ်ဇွင်းနဲ့နေခဲ့မယ် "

ဝတ်ရုံလက်ကိုဆွဲလို့ ကျန်နေချင်ခဲ့ကြောင်းအမူအရာပြလေသည်။

"ရှစ်ကျဲတို့ သွားနှင့်ပါ ဟွမ်မြောင်ကိုပါထည့်ပေးလိုက်ရမလား "

"အို မလိုပါဘူး ကိုယ့်ကိုကာကွယ်နိုင်ပါသေးတယ်"

ကျုးကျီးတို့ထွက်သွားသည်ကိုမမြင်ရသည်အထိ ကြည့်နေပြီးမှ ညီလာခံသို့ရိပေါ်ကိုခေါ်ကာရောက်လာခဲ့သည်။

စိတ်စွမ်းအင်များစွာပါသောပိုးကြိုးမျှင်များဖြင့် ချည်နှောင်ထားခံရသောအငြိုးအတေးမိစ္ဆာများစွာ။

ရိပေါ်ကြောက်ရွံခြင်းမရှိသော်လည်း။

"ကြောက်နေလား"

ရှစ်ဇွင်းရဲ့အမေးတစ်ခွန်းကိုရတော့။

"တပည့်ကြောက်တယ်"

မုသားအနည်းငယ်သုံးကာဖြင့် ကျုံရှစ် ​နားကပ်လာပါသောရိပေါ်။

ကျုံရှစ်စိတ်ထဲတွင်တော့ သူတပည့်ကို
ကလေးတစ်ယောက်လိုပဲမြင်သည်ဖြစ်သောကြောင့်
ရွံဖွယ်ရာမိစ္ဆာတွေကိုကြောက်ရွံနေမည်လို့ ထင်ကာမေးခြင်းဖြစ်သည်။

"ငါ့နောက်ကနေ တစ်ဖဝါးမှမခွာနဲ့"

ကျုံရှစ်နောက်သို့ကပ်ပါလာသော ရိပေါ်အား စုန့်ယိနှင့်နန်ခဲ့မှာတစ်စက်ကလေးမှကြည့်မရပေ။

"တောင်သခင်ကျုံ ယိဂိုဏ်းချုပ်ကိုဘယ်လိုစီရင်မလဲ"

စကားစလာသောစုန့်ယိအားပြန်မဖြေဘဲ နန်ခဲ့ကိုပြန်မေးသည်။

"ရှစ်ရှုန်း ဘယ်လိုစီရင်မလဲ "

"ယိဂိုဏ်းချုပ်ကအစောကတည်းကသေပြီးသားဖြစ်နေနှင့်ပြီ အခုယိဂိုဏ်းချုပ်ယောင်ဆောင်ထားတာက မြေခွေးမိစ္ဆာပဲ ဘယ်သူကဒီလိုစေခိုင်းတာလဲ မေးလည်းလုံးဝဖြေမယ့်ပုံမပေါ်ဘူး"

Please Shizun , Don't Eat Mud ! Tahanan ng mga kuwento. Tumuklas ngayon