Episode (24)-Zaw

5.2K 403 11
                                    

Dandelion နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင်လေးတစ်ခုရှိတယ်...
ပန်းတွေကိုအုပ်စိုးရတဲ့နတ်သမီးက ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့အချိန်တုန်းကအကြောင်းလေးပေါ့...

🌱🍃🍃🍃🍃🍃🌱

ကျောင်းအုပ်ကြီးကိုယ်တိုင်ကပင် စာသင်ခန်းထဲထိလိုက်စစ်တာကြောင့် အတန်းပိုင်ဆရာမတွေခမျာလည်း ထိုင်မရထမရပင်။

စကားဆိုသည့်အတိုင်း စပြီးတာနဲ့ ထပ်ဆင့် ကား သွားသည်။
ဘယ်ကူကနေစလိုက်မှန်းမသိတဲ့ မေးခွန်းပေါက်ကြားမှုက ကျောင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

မေးခွန်းထုတ်ရသည့် ရူပဗေဒဆရာမသည်လည်း ဆယ်တန်းအခန်းသို့ ကျောင်းအုပ်ကြီးနဲ့အတူလိုက်လာရသည်။ကိုယ်ပိုင်ကျောင်းမို့ မေးခွန်းပေါက်ကြားလျှင် ကျောင်းအုပ်ကြီးနားထံသို့ပေါက်သည်။
ကျူရှင်အခွဲဘာညာမရှိတာမို့ မေးခွန်းပြောပြတာမျိုး၊မေးခွန်းရောင်းတာမျိုးလည်း တခါလေးမျှပင်မဖြစ်ဖူးချေ။

ယခု မေးခွန်းများသည် ကျောင်းအုပ်ဆရာမကြီးအခန်းတွင်ရောက်နေပြီးသားဖြစ်သည်။
ထိုရက်နောက်ပိုင်းမှ ပေါက်ကြားသည် ဖြစ်ရာ အဝင်အထွက်ရှိသည့် ကျောင်းသားနှင့်ဆရာများကိုစစ်ဆေးသည်။

နောက်ဆုံးတော့ လောလောလတ်လတ် ရုံးခန်းအတွင်းအဝင်အထွက်ရှိသော ဆယ်တန်းအခန်းမှ
ကောင်းယံနှင့်အဂ္ဂါ၊ တိမ်လွှာ၊ အတန်းခေါင်းဆောင် ဇင်ရဲ တို့ကို ရှေ့ထုတ်ထားကြလေသည်။

Taraxacum သည် လူအများပြားပြည့်နှက်နေသော (Grade-10) အခန်းရှေ့သို့ သုတ်ခြေတင်ကာရောက်လာသည်။
ယခင်က Taraxacum သည်ရောက်ရာအရပ်တွင် လူငေးခံရသည်။ယခုမူ လူများ၏အာရုံက ဆယ်တန်းအခန်းအတွင်းသို့ ဝေ့နေကြလေ၏။

Taraxacum သည် သူ့ရှေ့တွင် ပိတ်နေသော လူ များကို တွန်းတိုက်ကာ အပေါက်ဝသို့ရောက်အောင်ဝင်လိုက်သည်။ချမ်းငြိမ်သာပင် မတိုးနိုင်တာကြောင့် ကျန်ခဲ့လေသည်။
စည်းစနစ်နဲ့တည်တည်ကြည်ကြည် နေခဲ့ရသော Taraxacum အဖို့ ဤသို့လူများကို တွန်းတိုက်ပြီးတိုးဝြေှ့ခင်းသည် အတော်ဆိုးဝါးသည့် လုပ်ရပ်ပင်။
သို့သော် သူ့ခေါင်းထဲတွင် အဂ္ဂါကိုသာ ပြေးမြင်မိရာ ဤအပြုအမူအဖို့စာမဖွဲ့တော့ပေ။

TARAXACUMWhere stories live. Discover now