🙋‍♀️🙋‍♀️zaw

5.8K 260 78
                                    

Oct 12 ကနေစရေးတဲ့ ဒီ fic လေးကJan 12 မှာ ပြီးဆုံးသွားပါပြီ(ဖြောင်းဖြောင်းဖြောင်း)လက်ခုပ်တီးသံ🌚
အရင်ဆုံးကိုယ့်ကိုယ်ကိုကျေးဇူးတင်ပါတယ်။
စခဲ့တဲ့အလုပ်တစ်ခုကိုဆုံးအောင်လုပ်ခဲ့လို့။
ဒီ fic ကိုရေးဖို့တိုက်တွန်းခဲ့တဲ့ကလေးမလေးကိုလည်းကျေးဇူးတင်ပြီးတော့ စလယ်ဆုံး မညီးမညူလိုက်ဖတ်ပေးတဲ့ reader တစ်ယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်၊

အစက ငါးပိုင်းချုံ့ပြီးရေးမယ်လို့တွေးခဲ့တာ။
ဇာတ်လမ်းကခေါ်သွားလို့ အပိုင်း၃၀ကျော်ထိရောက်ခဲ့တာ။
ရေးဖူးသမျှထဲမှာ အတာ(oppositeထဲက)နဲ့Taraxacum ဆိုတဲ့ဇာတ်ကောင်နှစ်ယောက်က အိုင့်ကိုဆွဲခေါ်သွားတာပါ။တစ်ခါတလေ ကိုယ်ရေးတာဆိုပေမဲ့ Taraxacum ရဲ့အတွေးတွေကိုသိပ်လိုက်မမှီနေဘူး။ဇာတ်ကောင်ရဲ့ ဆွဲခေါ်သွားတာကို ခံရလိုက်သလိုပါပဲ🌺

ကဲ ပြီးသွားပြီဆိုတော့ အိုင်လေး မေးချင်တာလေးတွေရှိပါတယ်။အားမှဖြေပါရပါတယ်။

၁။ဒီဇာတ်လမ်းနဲ့ပတ်သက်တဲ့ခံစားချက်လေး။

၂။ဒီဇာတ်လမ်းအတွက်ဝေဖန်ချင်တာ။

၃။အကြိုက်ဆုံးဇာတ်ကောင်။

၎။အကြိုက်ဆုံးဇာတ်ခန်း။

၅။ကိုယ်ကြိုက်တာတစ်ခုခုပြောသွားလို့ရပါတယ်။
(ဥပမာ- ဒီဇာတ်လမ်းထဲက ဘယ်သူ့အတွက်ဖြစ်ဖြစ် အိုင့်အတွက်ပဲဖြစ်ဖြစ်)

(အိုင်အကြိုက်ဆုံးဇာတ်ဝင်ခန်းကတော့ အဂ္ဂါရဲ့ ရှူးဖိနပ်လေးကို Tarax ထိလိုက်တဲ့အခန်း၊
အကြိုက်ဆုံးဇာတ်ကောင်ကတော့ Tarax နဲ့ကောင်းယံကိုပါ)

ကျေးဇူးအများကြီးပါ။

TARAXACUMWhere stories live. Discover now