Episode (20)-uni

16K 1.7K 143
                                    

Dandelionစေ့ကို မှုတ်ပြီးဆုတောင်းဖို့ မျက်လုံးကိုအသာစေ့ပိတ်မိသည်။

တောင်းဆုပြုတဲ့အခါ ကျွန်တော်တို့ရဲ့မျက်လုံးတွေကို ပိတ်ကာထားကြတယ်မလား။
တချို့သောအရာတွေက အပေါ်ယံမြင်ရုံကြားရုံနဲ့ခံစားလို့မရတဲ့အခါ ကျွန်တော်တို့တွေက နှလုံးသားရဲ့အနက်ရှိုင်းဆုံးကို ထိုးဖောက်ဖို့အတွက် အပေါ်ယံတွေကို ချိတ်ပိတ်လိုက်တဲ့သဘောပါပဲ။

🌱🍃🍃🍃🍃🍃🍃🌱

ဒေါက်...ဒေါက်..
ဖလပ်..ဖလပ်..

ကြမ်းပြင်ကြွပြေားနဲ့ ရှူးဖိနပ် တစ်ရံနှင့်slipper ဖိနပ်တစ်ရံတို့၏ ထိခတ်သံက လှေကား အဆင်းတလျှောက်တွင်ပဲ့တင်ထပ်နေသည်။

ဖြူနုသည့်အသားအရေ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ရှမ်းစပ်သော ကောင်းယံသည် စာနှင့်ပတ်သတ်၍လည်းကျော်ကြားသလို
ရုပ်ရည်နှင့်လည်းကျော်ဇောသည်။ထို့အပြင် မိသားစုရဲ့နောက်ခံအင်အားကလည်း အဂ္ဂါ၏မိသားစုနှင့်နင်လားငါလားပေ။ဆီစက်ပိုင်ရှင်၏တစ်ဦးတည်းသောသားမို့ အိမ်ရဲ့ဖူးဖူးမှုတ်ဂရုစိုက်ခြင်းကိုလည်းခံရသူဖြစ်သည်။
သို့သော်ညား သူ့ကိုယ်သူနှိမ့်ချပြီးနေတတ်လေသည်။နှိမ့်ချပြီးနေနေသည့်တိုင်အောင် သူ့ကိုမြင်သည့်သူများကအနည်းငယ်တော့ရှိန်သွားကြသည်။

ယခု သူ့ဘေးတွင်ကပ်လျှောက်ပါလာသူ မိုးညိုကတော့ သာမာန်ပင်။ မိုးညို၊အဂ္ဂါ နှင့်ကောင်းယံတို့တွင် မိုးညို၏မိသားစုကတော့လုံးဝသာမာန်ပင်။ လူကိုယ်တိုင်ကလည်းသာမာန်။
ကောင်းယံလို စာနှင့်ပတ်သက်လျှင်ထူးချွန်နေတာမျိုးမဟုတ်သလို အဂ္ဂါလိုလည်းစာမေးပွဲတဖုန်းဖုန်းကျနေသူမဟုတ်။
သူ့ရဲ့ဖြစ်တည်မှုက အာရုံစိုက်ခံရသည့် ပုံစံမျိုးမဟုတ်ပေ။သို့သော်လည်း အဖွဲ့ထဲတွင် ဗရုတ်ကျပြီးရွှတ်နောက်ဆုံး လူက သူပင်။တခါတလေ နားအေးပါးအေးရှိပြီး တခါတလေတော့ ဝုန်းဒိုင်းကြဲတတ်သည်။

သူငယ်ချင်းသုံးယောက် စရိုက်သုံးမျိုးပင်။

မိုးညို အဆောင်ပြန်ရောက်သည့်အချိန်တွင် ကောင်းယံသည်လည်း ရှေ့ဆင့်နောက်ဆင့်ပြန်ရောက်လာသည်။သို့သော် ကျော့ကျော့မော့မော့ရောက်လာသည့် ကောင်းယံကြောင့် ကွားတားဘောင်းဘီ၊စွပ်ကျယ် လက်ပြတ်ဝတ်ထားသည့် မိုးညိုပင် ကြောင်တောင်တောင်ဖြစ်သွားလေသည်။
သို့သော် ကောင်းယံက သူ့အမေအပြင်မှာစောင့်နေကြောင်း Taraxacum လေးကို လာခေါ်ကြောင်း ရှင်းပြပြီးနောက်တွင် မိုးညိုလည်းထူးပြီးအံ့ဩမနေတော့။

TARAXACUMWhere stories live. Discover now