EXTRA

23.4K 2K 374
                                    

ဖြောင့်ဖြူးနေသော လမ်းမလေးထက်တွင် ကားတစ်စီးက ပုံမှန်နှုန်းထားဖြင့်မောင်းနှင်နေသည်။ လူရှင်းနေသည့်လမ်းမို့ မှိုင်ကုန်မောင်းလျှင် ပြသာနာမရှိသော်လည်း ကားမောင်းသူကောင်းယံကတော့ အနောက်ခန်းက ကိုယ်တော်တစ်ပါးရွှေစိတ်တော်မညိုးစေဖို့ လိပ်သွားနှုန်းဖြင့်မောင်းနေရသည်။

အကြောင်းမှာ Taraxacum ၏ပေါင်ပေါ်သို့ခေါင်းချကာ အိပ်လျက်လိုက်ပါလာသော အဂ္ဂါကြောင့်ပင်။ အဂ္ဂါကို ကြောက်ရတာတော့မဟုတ်။ အဂ္ဂါကို မလွတ်တမ်း ငုံ့ကြည့်နေသည့် Taraxacum ကြောင့်ပင်။ အရှိန်လေးများ နည်းနည်းတင်လိုက်လျှင် ကားခေါင်းခန်းကို မော့ကြည့်တတ်သေးသည်။

အဂ္ဂါကတော့ ကျောင်းပွဲအပြီးတွင် အဖျားငွေ့ငွေ့ကျန်သေးတာရယ် ပင်ပန်းတာရယ်နှင့်ပေါင်းပြီး နုံးခွေသွားလေသည်။ ထို့ကြောင့် လောကကြီးကိုမေ့ ၊ အပူပင်မရှိစွာနဲ့ သူ့ရဲ့ Taraxacum ပေါင်ပေါ်အိပ်လျက်ရှိသည်။

ကားမဆံ့တော့တာကြောင့် လဝန်းမေက သူမ မိဘတွေကားနှင့်သာ အတူလိုက်သွားသည်။
ထို့ကြောင့် ယခုကားထဲတွင် ကောင်းယံက မောင်းသူ၊မိုးညိုက ဘေးတွင် ထိုင်လျက်၊ အနောက်ကအတွဲကတော့ သာသာယာယာ။

တိတ်ဆိတ်နေသော ရပ်ဝန်းကို မိုးညိုက စတင်ဖြိုခွဲလိုက်သည်။
"Taraxacum မတွေ့တာကြာတော့ တော်တော်ကိုပြောင်းလဲသွားတာပဲနော်"

မိုးညို၏အသံကိုကြားမှ Taraxacum သည် အဂ္ဂါ၏မျက်နှာထက်သို့ရောက်နေသည့် အကြည့်ကိုခေတ္တလွဲလိုက်ကာ အဂ္ဂါမနိုးစေရန် လေသံသဲ့သဲ့ဖြင့်ပြန်ဖြေလေသည်။

"ဟုတ်ကဲ့ ကျွန်တော် စစ်ထဲဝင်လိုက်လို့လည်းဖြစ်မယ်!"

မိုးညိုသည် ခေါင်းညိတ်ထောက်ခံလိုက်၏။ လွန်ခဲ့တဲ့ လေးနှစ်ကျော်က Taraxacum ၏အရပ်က အလွန်ဆုံးရှိလှ ၅ပေနီးပါးပေါ့။ ယခုတော့ ၆ပေတောင်စွန်းနေပြီထင်။ အရပ်ပဲရှည်တာမဟုတ်။
အရပ်နဲ့လိုက်ဖက်တဲ့ခန္ဓာကိုယ်အချိုးအစားကလည်းသူ့နေရာနဲ့သူပင်။
ယခင်က သူတို့မျက်လုံးအောက်စိုက်ကြည့်ခဲ့ရသည့်ကောင်လေးသည် ယခုတော့ မေးဖျားမော့ကာပြန်ကြည့်နေရလေပြီ။

TARAXACUMWhere stories live. Discover now