Q/A

9.3K 781 363
                                    

Unicode

ကိုစိတ်တိုနဲ့ သောက်ကလေးလေးရဲ့ မေးခွန်း၊မေးဖြေလေးတွေလာပါပြီ။ ဒီအတွဲ တကယ်တက်ကြွကြတာပဲ!!!

မေးခွန်းက Total ၃၁ ခုရှိပါတယ်။
Enjoy ( ;゚³゚)

၁။ နှင်းခဲ~ နာမည်တွေအရင်မိတ်ဆက်ပေးပါ။

Tarax~ Taraxacum၊ မြန်မာနာမည်က လမင်းငယ်ပိုင်ပါ။

Ed~ အဂ္ဂါ ! (သိပြီးသားကို မေးနေသေးတယ်။)

နှင်းခဲ~ (^_^;)

၂။ နှင်းခဲ~ ဘယ်မှာစတွေ့တာလဲ။

Ed~ ဆုပေးပွဲနေ့က ကျောင်းမှာ။

Tarax~ ဟုတ်တယ် ဟုတ်တယ်။ ကျွန်တော် ကျောင်းကိုလာလည်တုန်းက။ (တက်ကြွလျက်)

၃။ နှင်းခဲ~ First Impression?

Tarax ~ တအားချောတယ်။ နတ်သားလေးလိုပဲ။ (မျက်လုံးများမှေးသွားသည်ထိ ရယ်နေ)

Ed~ သောက်ကလေးလေးက ငါ့လာပြီး ရည်းစားစကားလာပြောနေတယ်!

၄။ နှင်းခဲ~ ဘယ်အချိန်မှာ စချစ်တာလဲ?

Ed~ မှန်းရခက်တယ်။ ငါအချိန်တွေကိုသွားရပ်လို့မှမရတာ။
(ပြောချင်တာက သူ့ဘာသာသူဘယ်ချိန်ချစ်မှန်းမသိတာပါ)

Tarax~ စတွေ့တဲ့အချိန်မှာပါ။

၅။  နှင်းခဲ~ လက်လွှတ်ဖို့စဉ်းစားဖူးလား?

Tarax~ မရှိခဲ့ဖူးသလို၊ ရှိလာမှာလည်းမဟုတ်ပါဘူး။

Ed~ မရှိဘူး။ ရူးနေလို့လား။ (မျက်စောင်းလှမ်းထိုး)
(`_´)

၆။ နှင်းခဲ~ အကြိုက်ဆုံးအရောင်?

Ed~ အနီ

Tarax~ အဝါရောင်။

၇။ နှင်းခဲ~ အကြိုက်ဆုံး အစားအစာ။

Tarax~ လက်ဖက်သုပ်။

Ed~ ကြက်ကြော်။

၈။ နှင်းခဲ~ မကြိုက်ဆုံး အစားအစာ။

Ed~ ဂျင်းလိုအရသာမျိုး။

Tarax~ မကြိုက်တာထက် မစားနိုင်တာပါ။ အရမ်းစပ်တာမျိုးတွေ။

၉။ နှင်းခဲ~ အကြိုက်ဆုံးပန်း။

Tarax~ အထူးတလည်တော့မရှိပါဘူး။

TARAXACUMWhere stories live. Discover now