Episode-12(Uni)

16.2K 1.9K 122
                                    

နေရောင်ကို ကြိုက်တဲ့ Dandelion ပန်းလေးတွေက ကြည့်တဲ့သူတိုင်းရဲ့ မျက်ဝန်းမှာ ထင်းလင်းမနေဘူးလား?

အဝါရောင် က အဝေးကနေ ကြည့်ရင်တောင် တခြားအရောင်တွေထက် ပိုပြီးသတိထားမိစေတဲ့အရောင်တဲ့....

အဲ့လိုပါပဲ...ကျွန်တော့်ရဲ့မျက်ဝန်းထဲမှာလည်း အဝါရောင်ဝတ်တတ်တဲ့ကောင်လေးက စွဲလို့မြဲလို့...

🌱🍃🍃🍃🍃🍃🍃🌱

အဂ္ဂါသည် Taraxacum ကို ထောပတ်ပင်တွေနား ထပ်ခေါ်လာသည်။ခြံပတ်လည်ရှိ နှင်းဆီပန်းတွေနားလည်းရောက်ခဲ့သည်။ Taraxacum ကတော့ အဝါရောင်နှင်းဆီတွေကို တော်တော်သဘောကျပုံရသည်။ အဂ္ဂါသည် ပထမဆုံးအကြိမ်ပန်းတွေကိုစေ့စေ့စပ်စပ်ကြည့်ဖူးခြင်းပင်။

ပန်းတေွကို မကြိုက်ပါ။သို့တိုင်အောင်မုန်းနေတာမျိုးလည်းမဟုတ်ပါ။Taraxacum ကတော့ အလွန်ကို နူးညံ့သည်။ အဝတ်လဲတာကအစ ပန်းတွေကို လက်ညိုးထိပ်ဖျားလေးတွေနဲ့ထိတာအဆုံး...

အဂ္ဂါရဲ့အမေ၊အဖေနဲ့ အမတို့ကတော့  ခုထိဘိုးမောင်အိမ်ကိုရောက်မလာသေး။ခြံထဲကအလုပ်သမားတချို့ကလည်း အိမ်မကြီးတွင် တရုံးရုံးပင်။
ညကြရင် နိဗ္ဗာန်စျေးတွင် အလှူလုပ်ဖို့ ချက်ကြပြုတ်ကျနဲ့ဆူညံနေကြသည်။အဂ္ဂါကတော့ မလုပ်တတ်... ဒီလိုနေ့တွေဆို သူက ဘိုးမောင်အိမ်မှာပဲ အချိန်ကုန်တတ်သည်။အရင်နှစ်တွေကတော့ ပျင်းရိစွာ အချိန်ကုန်တတ်ပြီး ဒီနှစ်ကတော့ ဧည့်သည်ပေါက်စကို ဧည့်ခံနေရသည်။

"ဒီမှာကြည့်.. ဓားကိုမြင်လား... ဒီဓားကနေ ရိုးတံကို ဖြတ်ချလိုက်ရင် ထောပတ်သီးက ဒီ အစွပ်ထဲဝင်လာ မှာ.."

အဂ္ဂါသည် ထောပတ်သီးခူးတံ ကို ပြကာ Taraxacum အား ရှင်းပြနေသည်။သူတို့အိမ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းက ခြံလုပ်ငန်းများဖြစ်သည်။ဒီအချိန်က ထောပတ်သီး သီးချိန်မို့ အပင်များတွင်တော့ အပြွတ်လိုက်ပင်။အိမ်မကြီးနဲ့ ဘိုးမောင်ရဲ့အိမ်ကြားတွင်တော့ ထောပတ်ပင် ဆယ်ဂဏန်းလောက်သာရှိသည်။သည်အပင်တေ​ွကဧည့်သည်တွေ လာလျှင်ကျွေးရန်နှင့်လက်ဆောင်ပေးရန်ဖြစ်သည်။

"မင်းခူးကြည့်မလား!"

Taraxacum သည် ချိုချဉ် ရတဲ့ကလေးတစ်ယောက်လိုပြုံးပျော်ရွှင်သွားကာ အဂ္ဂါပေးတဲ့ ခူးတံကိုယူကာ အာရုံစူးစိုက်ကာ ခူးနေလေသည်။

TARAXACUMOnde histórias criam vida. Descubra agora