Episode (19)-Uni

16.1K 1.8K 238
                                    

ကျွန်တော်တို့ရဲ့လူ့ဘဝက Dandelion အပင်နဲ့မတူဘူးလား?

သေဆုံးတယ် လွင့်မျောတယ် ပြန်လည်မွေးဖွားတယ်...

သေဆုံးတယ် လွင့်မျောတယ် ပြန်လည်မွေးဖွားပြန်တယ်...

🌱🍃🍃🍃🍃🌱

Taraxacum ၏နှုတ်ခမ်းလွှာပါးပါးလေးသည်
ခပ်စိတ်စိတ် မျက်တောင်လေးများအား ဖိကပ်ပြီးချိန်တွင် မျက်တောင်၏လှုပ်ရွရွခံစားချက်ကို နှုတ်ခမ်းမှ တဆင့် သူခံစားလိုက်လိုက်ရသည်။

တစ်ချိန်တည်းမှာပဲ အဂ္ဂါရဲ့ တောင့်ဆတ်နေသော ခန္ဓာကိုယ်လေးကို သတိထားမိလိုက်ကာ Taraxacum သည်အကန်ခံဖို့အတွက် အသင့်ဖြစ်နေလေသည်။
သူသည်အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလေသည်။

"Ed!.. အဲ့တာ..အဲ့တာ.."

အဂ္ဂါသည် Taraxacum ကို ဘေးသို့ ဖယ်တွန်းကာ ရေချိုးခန်းထဲသို့ သုတ်ခြေတင်လေသည်။
Taraxacum မှာတော့ ကုတင်ပေါ်တွင် ကုန်းကုန်းလေး ကျန်ခဲ့ရာမှ ရေချိုးခန်းရှေ့ကို အပြေးလေးသွားကာ အထဲရောက်နေသည့်အဂ္ဂါ ကြားနိုင်သည့်လေသံဖြင့်ပြောလေသည်။

"ကျွန်တော်တောင်းပန်ပါတယ် Ed! စိတ်မဆိုးနဲ့နော်.. နောက်..နောက်မလုပ်တော့ပါဘူး...နော်..နော်...Please.."

အဂ္ဂါသည် ရေချိုးခန်းရှိ ဘေစင်အား လက်ထောက် လျက် မှန်ထဲက ကိုယ့်ကိုယ်ပြန်ကြည့်ကာ ထူပူနေပြန်သည်။
နောက်တစ်ကြိမ်ထပ်ဖြစ်ပြန်ပြီ...
ပထမတစ်ခါက နှာခေါင်း...
ဒုတိယအကြိမ်ကျ.. မျက်လုံး...
နောက်တစ်ကြိမ်ဆို...!!

သူ့အတွေးတွေကို ချက်ချင်းရပ်ပစ်လိုက်သည်။
သူထပ်မတွေးရဲတော့ပေ။
Taraxacum ရဲ့တောင်းပန်တိုးရှိုသံကိုလည်း ဆက်တိုက်ကြားနေရလေသည်။
Taraxacum အားစိတ်ဆိုးနေသလား ဟုမေးလျှင် 'အဲ့လိုလည်းမဟုတ်ဘူး'လို့ပြန်ဖြေမိမှာ။
ဒါဆို စိတ်မဆိုးဘူး လားဆိုလျှင်လည်း
'မဟုတ်ပြန်ဘူး'....

အဂ္ဂါသည် Taraxacum ဖွဖွနမ်းသွားသည့် မျက်ခွံအား ထိကာ နှုတ်ခမ်းပင်ကိုက်လိုက်မိသည်။ တစ်ကိုယ်လုံး ရှိန်းတိန်းတိန်းဖြစ်နေသည့်ခံစားချက်က ပျောက်မသွားသေးတာကြောင့် ရေအေးအေးဖွင့်ချကာ မျက်နှာသစ်ပစ်လိုက်သည်။

TARAXACUMजहाँ कहानियाँ रहती हैं। अभी खोजें