Episode (30)-Uni

17.2K 1.9K 148
                                    

တောင်းဆုတွေနဲ့လွင့်မျောသွားတဲ့ Dandelion...
ပြန်လာခဲ့ဖို့လိုက်ဖမ်းနေမိပြန်တယ်....
ဆုတောင်းမပြည့်ချင်နေပါစေ။ပြန်တော့လာခဲ့ပါ။

🍃🍃🍃🍃🍃

(Ed...)

လေလိုင်းထဲမှအသံကိုကြားလိုက်ရသည့်အခါတွင် အဂ္ဂါသည် သည်းထန်စွာ ငိုလိုက်မိသည်။
မွေးကတည်းကအငိုနည်းတဲ့သူဟာ လူမှန်းသိတတ်စအရွယ်မှာလည်း သိပ်မငိုခဲ့ပါ။
အခုတော့ memory stickထဲကအသံဖိုင် အစလေးက သူ့ရဲ့ပုံမှန်အခြေအနေတွေကိုချိုးဖျက်ပစ်လိုက်ပြီ။အဂ္ဂါ၏ရှိုက်ငိုသံသည် ချောင်ပိတ်ရိုက်ခံနေရတဲ့ခွေးတစ်ကောင်လို သနားစရာကောင်းလှသည်။

နားကြပ်ကိုသေချာပြန်တပ်ပြီး အသံဖိုင်ကို play လိုက်တော့ Taraxacum ၏အသံကို ဆက်တိုက်ကြားရလေသည်။

(စာမေးပွဲဖြေနိုင်တယ်မလားဟင်၊ ဖြေနိုင်မှာသေချာပါတယ် Ed ကတော်ပြီးသားပဲ၊ Ed ကနေ ရုပ်လည်းချောတယ် ညဏ်လည်းကောင်းတယ်၊ သေချာပေါက်အမှတ်ကောင်းကောင်းနဲ့အောင်မှာသိလား။)

Taraxacum ၏အသံက ရုတ်တရက်ငြိမ်ကျသွားကာ အသက်ရှူသံမျှင်းမျှင်းကို ကြားနေရသည်။ အဂ္ဂါ၏မျက်ရည်များသည် ဆက်တိုက်ကို လိမ့်ဆင်းလာနေသည်။

(ကျွန်တော်တောင်းပန်ပါတယ်... ကျွန်တော့်ကိုစိတ်ဆိုးနေပြီလား။ဆိုးရင်လည်း အကြာကြီးမဆိုးပါနဲ့။ စိတ်ဆိုးရင် ကျန်းမာရေးကိုထိတယ်တဲ့။)

(ကျွန်တော်လေ မြန်မာပြည်ကိုရောက်တုန်းက နေရခက်တယ်။ ဘာနဲ့မှ အကျွမ်းတဝင်မရှိဘူး။
Marco က သူ့သူငယ်ချင်းနားသွားလည်တော့ ကျွန်တော်လိုက်လာမိတာ။ ကျွန်တော်ကျောင်းကိုပတ်ကြည့်တော့ မိတ်ကပ်တွေလိမ်းထားတဲ့လူတွေကို တွေ့တယ်။ဆုပေးပွဲတဲ့။ ကျွန်တော် စာသင်ဆောင်ဘက်ကို ရောက်တော့ အခန်းတစ်ခန်းကနေ ရန်ဖြစ်သံလိုလို ရယ်သံလိုလိုကြားရလို့ သွားကြည့်လိုက်တော့ လူသုံးယောက်ကိုတွေ့တယ်။ အဲ့ထဲက တစ်ယောက်ကနေ တခြားလူတွေနဲ့မတူဘူး သိလား။ Necktie ကိုလည်း သေချာမချည်ထားဘူး ၊ရှပ်ကလည်း ပွပွကြီး၊ ပြီးတော့လေ ရယ်နေတာ...သွားလေးတွေကလည်း ညီလို့။သူ့ကိုမြင်လိုက်တဲ့အချိန် ကျွန်တော်ပျော်လိုက်တာ။ပေါ့ပါးတဲ့ခံစားချက်ဆိုတာ အဲ့တာပါလားလို့တွေးလိုက်သေး! အဲ့လူက Ed လေ!
ကျွန်တော် Ed ကိုမြင်ပြီး တွေးတာနောက်တစ်ခုရှိသေးတယ်.. ဒီလူနဲ့သာဆိုရင် အရာအားလုံးကို စွန့်ပစ်လိုက်ရလည်း ဘာအရေးလဲ? ဒီလူနဲ့သာဆိုရင် အရာအားလုံးကိုအရှုံးပေးလိုက်ရလည်း ဘာအရေးလဲ? ကျွန်တော်ကလေ Ed ကို မြင်မြင်ချင်း ချစ်လိုက်မိတာ... Ed ကတော့ ငြင်းတယ်လေ... ကိစ္စမရှိပါဘူး အဓိကက ကမ္ဘာပေါ်မှာ Ed ကိုသဘောကျနေတဲ့လူတွေထဲကတစ်ယောက် အဖြစ်ကျွန်တော်ရှိနေသေးတယ်လေ...)

TARAXACUMWo Geschichten leben. Entdecke jetzt