final-Uni

28.6K 2.2K 200
                                    

ချစ်ခြင်းမေတ္တာကိုသယ်ဆောင်လာတဲ့ Dandelion တွေ ခင်ဗျားတို့ဆီ ရောက်လာခဲ့ရင် ဖမ်းဆုပ်ထားဖို့မမေ့ပါနဲ့♥️

🌱🍃🍃🍃🍃🍃🌱

"ဟိတ်ကောင် အဂ္ဂါ!!"

အဂ္ဂါလှည့်ကြည့်လိုက်ချိန်တွင် လူနှစ်ယောက်ကို အရှင်လတ်လတ်တွေ့လိုက်ရလေသည်။တစ်ယောက်သည် ဂျင်းဘောင်းဘီအပြဲကို ရှပ်ပွပွနှင့်တွဲဝတ်ကာ တိုနံ့နံ့ဆံပင်များဖြင့် ပြီတီတီပြုံးလျက်ရှိသည်။တစ်ယောက်ကတော့ style pant ဖြင့် လူကြီးလူကောင်းဆန်နေသော ပုံစံဖြင့်...

"ငကောင်း...ငမိုး... လခွမ်းကြီး!ဘယ်ကနေဘယ်လိုရောက်လာတာလဲဟ"

ကောင်းယံသည် ခေါင်းခါပြရင်း
"အမေရိကားကနေ လမ်းကြုံလို့ဒီကိုဝင်လာတာလေ..."

မိုးညိုကပါ ဝင်ပြောလေသည်။
"အေး ငါ့ကို လမ်းကြုံဝင်ခေါ်လို့ငါပါလိုက်လာတာ"

အဂ္ဂါသည် မယုံနိုင်ခြင်းများစွာဖြင့် ကြောင်အအဖြစ်နေရာမှ ထရယ်လိုက်သည်။
"တကယ်ကြီး?? မနေ့ကပဲ group chat ထဲမှာ စကားပြောနေကြသေးတာကို... မင်းတို့ကွာကြိုမပြောဘူး!"

" surprise ပါဆို ကြိုပြောရအောင် ငါတို့ကစောက်ရူးလား..."

"အေးလေ..."

ကောင်းယံသည် မနှစ်က ရုပ်ရှင်ပညာရပ်ကိုလေ့လာဖို့ အမေရိကားကိုပညာသင်ဖို့သွားခဲ့လေသည်။မိုးညိုကတော့ သူ့ဇာတိသူပြန်ကာ အဝေးသင်တက်ပြီး အလုပ်ခွင်တောင်ဝင်နေပြီလေ။
နေရာဒေသတွေက တခြားစီဖြစ်သွားပေမဲ့ အဆက်အသွယ်မပြတ်ခဲ့။ရောက်ရာအရပ်မှာ ကိုယ်စီ သူငယ်ချင်းအသစ်တွေရနေပေမဲ့ သူငယ်ချင်းဟောင်းသံယောဇဉ်ကလည်းမြဲလှသည်။
အဂ္ဂါသည် နဂိုဝမ်းနည်းနေသည့်အရှိန်ကြောင့် မျက်ရည်တွေပင်ဝဲလာရသည်။
မိုးညိုသည် အလျင်စလိုဖြတ်ပြောလေသည်။

"ဟာ ဟိတ်ကောင် မငိုနဲ့နော်! မချော့ဘူး..ချော့ရအောင်ငါ့ရည်းစားလည်းမဟုတ်ဘူး..."

ကောင်းယံသည် မိုးညိုကိုဖြတ်ရိုက်လိုက်သည်။

"ရည်းစားလေးတစ်ယောက်ထားပြီးပြောလို့မပြီးတော့ဘူးကွာ...ငါလခွီး!"

TARAXACUMWhere stories live. Discover now