EXTRA-2

13.6K 1K 116
                                    

Unicode

Dandelion တွေက အလွန်အမင်းကို ကပ်တွယ်လွယ်သလို၊ လေတစ်ချက်ဝေ့ရုံနဲ့လည်း စွန့်ခွာသွားတတ်တယ်။ အကယ်၍သာ ဒုဓလီ အမွှားလေးတွေက သင့်ဆီကို ခဏတဖြုတ် လာကပ်ညှိခဲ့မယ်ဆိုရင်တောင် သင်ဟာ ကံကောင်းမှုတွေရောက်လာတော့မယ်လို့ ယူဆလို့ရတယ်။ ခဏလေး ရောက်လာတာက ကံကောင်းတယ်ဆိုရင် ကျွန်တော်ဆီမှာ မခွဲမခွာရှိနေတဲ့ ဒုဓလီကြောင့် ကျွန်တော်ဘယ်လောက် ကံကောင်းနေမယ်ထင်လဲ။

*********

“Sono Edgar. Piacere di conoscerti , Piacere di conoscerti”

အဂ္ဂါသည် ထို အီတလီဘာသာစကား၏ အခြေခံကျသော နှုတ်ဆက်ပုံကို နှုတ်မှ တတွတ်တွတ်ရွတ်နေမိသည်။ ဘေးရှိ အီတာလီယာနာ(အီတလီအမျိုးသမီး)သည်ပင် သတိထားမိလျက် ခပ်ဖွဖွပြုံးပြလာချေသည်။ အဂ္ဂါလည်း နှုတ်ဆက်ဖို့တော့မရဲပါ။ သူသိသည့် အခြေခံစာလုံးတွေနှင့် နှုတ်ဆက်လိုက်လို့ဖြင့် ဟိုက အီတလီလို ဇွတ်မှုတ်လာလျှင် “Si နဲ့ No” ပြန်ပြောရတာပဲ အဖက်တင် လိမ့်ဦးမည်။ (Si= Yes)

လေယာဉ်မဆင်းသက်ခင်အချိန်အထိတော့ သူတတ်သလောက်မှတ်သလောက် ရွတ်နေရုံမှအပ။ ဘာသာစကားလေ့လာရတာ သောက်ရမ်းကိုခက်သည်။ ဘယ်လောက်ကျက်ကျက် မေ့သွားသည်ချည်း။ တကယ်လက်တွေ့ပြောမည်ဆိုလျှင် ခွေးအကို လှည်းတက်ကြိတ်ခံထားရသလိုပင်။ ဟိုကောင်စုတ်လေး ဘယ်လို ဉာဏ်နဲ့များ ဘာသာစကား လေးမျိုးလောက်ကိုခေါင်းထဲ ခေါ်သွင်းထားလဲမသိပါ။ သူ့မှာတော့ အစနဲ့တင် ငိုချင်နေပြီ။

ယခု အဂ္ဂါရောက်နေသည်က အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ကို သွားနေသည့် လေယာဉ်ပေါ်တွင်ပင်။ လက်ထပ်ခွင့်တောင်းသွားသည့် သောက်ကလေးက ကြိုကြားကြိုကြားမှ ပေါ်လာလာပြီး ပြန်ပြန်ပျောက်သွားတာကြောင့် လက်ထပ်ပွဲကလည်း ယခုထိတိုင် တရားဝင်မဖြစ်သေး။ သူလည်း အိမ်၏စီးပွားရေးဖြစ်သည့် သစ်သီးခြံလုပ်ငန်းတွင် ပျင်းရိလာပြီဖြစ်သလို မေမေကလည်း ပျင်းရင်လိုက်သွား၊ လိုက်သွားနှင့် ချည်းပြောလာသည်။ သို့သော်လည်း မာနခေါင် မောင်အဂ္ဂါက အင်တင်တင်လုပ်သေးသည်။ အဘယ်ကြောင့်ဆိုသော် Taraxacum က သူ့ကို အတိအလင်းအနေဖြင့် ခေါ်လည်းမခေါ်သေးသောကြောင့်ပင်။ လက်ထပ်ပွဲအကြောင်းကိုလည်း တိတိကျကျမဆိုလာသည့်အတွက် ခွင့်တောင်းခံရသည့် သူက ဟတ်ကော့ကြီး ကျန်ခဲ့ရသည်။

TARAXACUMWhere stories live. Discover now