Episode (29)-Uni

14.9K 1.9K 144
                                    

ကျွန်တော့်ရဲ့ Dandelionလေးကို တောင်းဆုတစ်ခုနဲ့အတူ ဝေးလွင့်ရာကို မှုတ်ထုတ်လိုက်မိတယ်...
Dandelionလေးပျော်ပါစေ...

🍃🍃🍃🍃🍃🍃🍃

အဂ္ဂါ၏မိဘများသည် ချက်ချင်းပင် သူ့သားရှိရာ ဆေးရုံ သို့ဒုန်းဆိုင်းရောက်ရှိလာသည်။
ရဲတစ်ချို့ပါရောက်နေကာ အဂ္ဂါအားမေးမြန်းနေကြသည်။

အဂ္ဂါ၏ဖခင်သည် သွေးများပေနေသော သူ့သားကိုမြင်သည်နှင့် ရဲများအား
"ဆရာတို့ စကားခဏပြောရအောင်" ဟုဆိုကာ ခေါ်ထုတ်သွားလေသည်။

ဒေါ်လပြည့်ဝန်းသည် မျက်ရည်တစမ်းစမ်းဖြင့် ရှိုက်ငိုတော့သည်။လဝန်းမေကတော့ပါမလာချေ။

Taraxacum ကိုတော့ ဒရိုင်ဘာ ဦးလေးကြီးကခဏခေါ်ထားလေသည်။

"သူက သားကို ပါးလာရိုက်လို့...သားသူ့ကိုတွန်းလိုက်မိတယ်မေမေ..."

ဒေါ်လပြည့်ဝန်းသည် ခေါင်းညိတ်ရင်း
"သားဘက်က ခုခံခဲ့ရုံပဲမလား...သားမမှားတာသေချာလား"

"သေချာတယ်မေမေ"

"ကောင်းပြီ... မေမေ အားလုံးစီစဉ်ပေးမယ်...အခု မေမေဆရာဝန် ကိုသူ့အခြေအနေသွားမေးလိုက်မယ်...သားဖေဖေနဲ့တူတူနေခဲ့နော်!"

အဂ္ဂါ၏အဖေကလည်း သူ့သားဘက်ကိုလျှောက်လာကာ အသာအယာထွေးပွေ့ရင်းဆိုသည်။

"စိတ်မပူနဲ့နော်သား... ငါသားက အကြောင်းအရင်းမရှိဘဲ မလုပ်မှန်းဖေဖေသိတယ်... အကောင်းဆုံးရင်ဆိုင်ကြမယ်ဟုတ်ပြီလား..."

"သားတောင်းပန်ပါတယ်..."

"အင်းသားတောင်းပန်တာကို ဖေဖေလက်ခံတယ်..."

🍃🍃🍃🍃🍃

ဒေါ်တင်မိုးဆွေသည် ပြည်ကနေတစ်ရက်ကျော်လွန်ပြီးမှပြန်ရောက်လာ၏။

ရောက်ရောက်ချင်း သူမသည်လည်း ဆေးရုံကိုပြေးရသည်ပင်။
ဒေါ်လပြည့်ဝန်းနှင့်တွေ့သည့်အခါတွင် သူမရဲ့ အပူတွေကပိုလို့တောင်လောင်မြိုက်လာရသည်။

"လပြည့်...ကလေးတွေကော.."

ဒေါ်လပြည့်ဝန်းသည် ဒေါ်တင်မိုးဆွေလက်ကို ဆွဲကာ ဆေးရုံကော်ရစ်ဒါ ထောင့်ဘက်ရှိ ထိုင်ခုံတန်းလျားဆီသို့ခေါ်လာလေသည်။

TARAXACUMWhere stories live. Discover now