ကြောက်လို့

3.7K 274 4
                                    

#Uni

ခန့်ကတော့ အခန်းထဲဝင်တော့မယ်ပြောပြီးထွက်သွားတယ်..သေချာတာပေါ့ မိချီမဆီသွားတာဆိုပိုသေချာမယ် ကိုယ်လဲထမလိုလုပ်တုန်း

"ရွှေလေး အကိုနဲ့ခနလောက် ပန်ခြံထဲစကားသွားပြောရအောင်...''

ပန်းခြံထဲရောက်တော့...ထိုင်ခုံလေးမှာဝင်ထိုင်လိုက်ပြီး

"ကိုယ်တော့ ရွှေလေးသူငယ်ချင်းကို လုပ်နိုင်မယ်မထင်ဘူး...အရမ်းအငိုလွယ်ပြီး စိတ်ပျော့တယ်..''

အကိုက​ဘေးကကိုယ့်ကို ​လှည့်ကြည့်လာပြီး...

"နောက် ဘာလို့ ရွှေလေးက သူ့ကို ရွှေလေးတို့ချမ်းသာတဲ့အကြောင်းမပြောပြထားရတာလဲ ''

"ကြောက်လို့.. ''

"ကြောက်လို့ဟုတ်လား..ရွှေလေး..''

အကိုကမယုံကြည်သလိုကြည့်လာတော့

"ဟုတ်တယ်...အကိုသိလား...ညီမတို့က​လေမွေးကတည်းက တာဝန်တွေပိနေခဲ့တယ်..ငယ်ငယ်ကတည်းက ဘာလုပ်ရမယ် ဘယ်လိုစား ဘယ်လိုဆိုတဲ့ဇယားကွက်တွေအတိုင်းနေခဲ့ရတယ်မလား....''

".....''

"ဖေဖေနဲ့မေမေက စီးပွားရေးအရပါဆိုပြီး ညီမနဲ့ခန့်ကိုအဘွားဆီမှာထားခဲ့​ကြတယ်..နောက်​​ကြီးလာတော့ နိုင်ငံခြားကိုပြောင်းလာခိုင်းပြီး နိုင်ငံခြားမှာကျောင်း​တွေဆက်ထား ဆရာတွေခေါ် တွေ့ဆုံပွဲတွေတက်ခိုင်း သင်တန်းတက်ရ ဘာညာဆိုပြီး ဇယားကွက်ကြီးထပ်ချပေးပြန်ရော..''

"အန်ကယ်တို့ ခုလိုလုပ်တာ ရွှေလေးတို့အတွက်..''

"ညီမတို့အတွက်တဲ့လား...ငယ်ငယ်ကဆိုသူများမိဘ​​တွေကျောင်းလိုက်ပို့ချိန် ညီမတို့ကျဒါရိုက်ဘာကသာ လိုက်ပို့လို့ ကျောင်းတက်ခဲ့ရတယ် ''

"....''

"သူများမိဘတွေက သူတို့သားသမီးကိုဂရုစိုက်​ပေးချိန် ကိုယ့်ကိုယ်ကိုသာဂရုစိုက်ရတတ်အောင် ကြိုးစားရတာကရော ''

"....''

"သူများမိဘတွေက သူတို့သားသမီးကိုဟင်းချက်ကျွေး​​နေ​​​ပေ​မဲ့ ညီမတို့ကတော့ အိမ်စေတွေချက်​ပေးတာကိုသာစား​​နေခဲ့ရတာပါ...နောက်ဆုံး ဆုယူတဲ့ပွဲတွေတောင် အနားမှာအဘွားပဲရှိနေပေးခဲ့တာမလား...''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now