ငါ့ကိုချစ်နေတာလား

4.2K 370 15
                                    

# Uni

ငါခု ဘာတွေလုပ်နေမိတာလဲ... ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့ဘူး ကလေးကလက်ကိုင်ပြီး ကိုယ့်မျက်နှာကို လာထိတာတောင် မျက်နှာမလွှဲမိတဲ့အပြင်

ဆေးမိနေတဲ့လူလို ကလေးကိုကြည့်​နေမိတုန်း အရင်ကသားတွေနဲ့ဖက်လိုက် ဘာလိုက် လုပ်တာပဲလေ ကလေးနဲ့ကျမှ ဘာလို့အရမ်းရင်ခုန်နေရတာလဲ

နောက် ကလေးက နှုတ်ခမ်းလေး လာကိုင်လို့ လန့်သွားပေမဲ့ မျက်နှာမလွှဲမိပြန်ဘူး မလွှဲချင်တာလို့ပြောရင်ပိုမှန်မယ်...ဘာဖြစ်နေလဲမသိတဲ့ ကိုယ့်စိတ်ကိုပြန်မေးကြည့်ပြန်တော့

မျက်နှာလွှဲလိုက် သူ့ကိုမကြည့်နဲ့ စိတ်ထဲကသတိပေး​နေပေမဲ့ အာစီးကပ်ခံထားရတဲ့လူလို ဘာစကားမှမပြောနိုင်ဘဲ ကျောက်ရုပ်ကြီးပမာ လှုပ်တောင်မလှုပ်နိုင်

သူ့မျက်နှာနား ကိုကပ်လိုက်တော့လဲ တကယ်အသက်တောင်မရှူရဲ... ခုလိုကျ ကလေးမျက်နှာက အရမ်း ဆွဲဆောင်မှုအားကောင်းနေသလ်ို ကိုယ်ကြားရုံလေး ကိုယ့်ကိုနမ်းချင်တယ်ပြောပြီး နမ်းတာခံလိုက်ရတော့

ခုမှသတိပြန်ကပ်ပြီး သူ့ကိုတွန်းရင်း အော်မယ်လို့လုပ်ပေမဲ့ သူ့လျှာကို ကိုယ့်ပါးစပ်ထဲထည့်ပြီး သူ့စိတ်ကြိုက်ကစားနေတဲ့ကလေး

ရင်ဘတ်ကိုထုနေတာတောင် မရပ်ပေးဘူး
တကယ်ပြောတာ ကလေးက ခုကိုယ်နဲ့ kissingဆွဲနေတာပေါ့နော် ဘဝမှာ kissမပြောနဲ့ popoတောင် အပေးမခံရဖူးဘူးလေ ရည်းစားတောင်မထားဖူးတဲ့ငါလေးက ခုကလေးနဲ့...

နမ်းတာကြာတော့ တကယ် လူကစိတ်မခိုင်တော့ဘူး တကိုယ်လုံးပူလာသလို ကလေးနမ်းတာကို ကြိုက်လာမိတယ် ကလေးကနမ်းတာ အရမ်းတော်တာကို

ခုချိန်မှာ ဘာမှမသိတော့ဘူး ကလေးနဲ့ထပ်နမ်းချင်တာပဲသိတယ် ကလေးကနှုတ်ခမ်းလေးကို စုပ်လိုက်တော့

"အင်းးး ''

မျက်လုံးမှိတ်ပြီး နမ်းနေရာက နှုတ်ခမ်းစုပ်လိုက်တော့ Wtf ငါ...ဘယ်လိုအသံကြီးထွက်သွားတာလဲ

ရှက်လို့ နမ်းရာကရုပ်ရှင်ပြန်ကြည့်ဖို့လုပ်တော့ ပါးလေးကိုကိုင်ပြီး အနမ်းပြန်ဆက်တဲ့ကလေးကြောင့် ထပ်နမ်းမိပါ​လေရော

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now