သရဲတစ်ကောင်..အိမ်ထဲမှာရှိတယ်

3.5K 358 25
                                    

#Uni

ညဘက်ကြီး ဟိုအမရဲ့အ​မေက မကြီးကိုဖုန်းဆက်လာတာကြောင့် အခန်းထဲကထွက်ပြီး ရုပ်ရှင်ကြည့်နေတဲ့ မကြီးအနားကဆိုဖာမှာဝင်ထိုင်လိုက်ပြီး ရုပ်ရှင်ကြည့်သလိုနဲ့မသိမသာ ဖုန်းပြောတာနားထောင်နေမိတော့

"သမီးရေ..မေးရအုံးမယ်..အိမ်ကဟာမလေ ရည်းစားတွေဘာတွေများရနေသလားလို့ ''

"မရပါဘူး အန်တီရယ် ဘာလို့လဲ ''

"သမီးသူငယ်ချင်းဘက်က လိမ်ပေးနေတာလား ရည်းစားထားတာ နားလည်ပေးနိုင်ပါတယ် ခုဟာက......''

"အန်တီကသူရည်းစားရှိတယ်လို့ ဘာလို့ထင်တာလဲ ''

"ထင်တာမဟုတ်ဘူးသမီးရေ...သက်သေနဲ့ကိုဒင်းကိုမိတာ ''

"ရှင်..သူတို့ချိန်တွေ့နေတာများမြင်မိတာလား ''

"အဲ့လိုမဟုတ်ဘူးကွယ်...တကယ်..ဘယ်လိုပြောရမလဲ...''

"ဟို...နှုတ်ခမ်းယောင်နေတာကိုပြောချင်တာလား..အန်တီ ''

"သမီးလဲသိ​နေတာလား ''

"ဟုတ် ''

"အိမ်ကဟာမက ပြန်လာတော့ နှုတ်ခမ်းနီဆိုးထားလို့ ထူးဆန်းတယ်ထင်နေတာ..နောက်ညစာစားချိန်ကျတော့ သူ့နှုတ်ခမ်းကသိသိသာသာကိုထော်ပြီး ယောင်နေတာ ''

"......''

"အဲ့တာသူ့အဖေကလဲ ရည်းစားထားတာတင်မဟုတ်ဘူး ခုလောက်ဖြစ်ရလားဆိုပြီး ဆူရော...ခု သမီးသူငယ်ချင်းကလေ အခန်းတံခါးပိတ်ပြီး အပြင်ကခေါ်တာတောင် မထွက်လာဘူး...တစ်ခုခုလုပ်နေမှာစိုးလို့..''

"အန်တီတို့အထင်လွဲနေတာပါ..သူအခုထိအပြင်ထွက်မလာသေးဘူးလား ''

"အင်း..သမီးရယ်..အန်တီ့သမီးက တဇွတ်ထိုးသမား တော်ကြာ...''

"ဟို..သမီးလာခဲ့ပြီး ပြောကြည့်ပါ့မယ် နောက်ဦးကိုလဲ သေချာရှင်းပြပါ့မယ် ''

"အေးကွယ်....သမီး..ဒါဆို..ဒါပဲနော် ''

ဖုန်းချပြီးတော့မကြီးက ကျွန်တော်ကိုလှည့်ကြည့်လိုက်ရင်း

"နင်လိုက်မှာလား..မိချီက သူ့အိမ်မှာပြဿနာရှာနေလို့ ''

"လိုက်ခဲ့မယ်လေ..သွားကြတာပေါ့ ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now